ဇန်နဝါရီ - ၂၄ ( သောကြာနေ့ )
ဆွစ်ဇာလန်နိုင်ငံ ဒါဗိုမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗီဒီယိုမိန့်ခွန်းပြောခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းပြီး ခြိမ်းခြောက်လိုက်တဲ့ စကားကတော့ “ ခင်ဗျားတို့တွေ အမေရိကန်မှာ ကုန်ပစ္စည်းတွေ လာပြီး ထုတ်လုပ်ကြပါ။အခွန်ကို သက်သာနိုင်သမျှ သက်သာအောင် လုပ်ပေးမယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ခင်ဗျားတို့တွေ အမေရိကန်ကို သွင်းတဲ့ပစ္စည်းမှန်သမျှကို အခွန်စည်းကြပ်မှုတိုးတဲ့အပြင် ကန့်သတ်ပစ်မယ်။ အဲ့ဒါက ကမ္ဘာမြေပေါ်က ဘယ်နိုင်ငံမဆိုအတွက်ပါ။” လို့ ဆိုသွားတာပါပဲ။
နောက်ပြီးတော့ အတိုးနှုန်းတွေကို လျှော့ချပေးဖို့အတွက်ကိုလည်း သူကတောင်းဆိုသွားပါတယ်။ “ အဲ့ဒါကို တစ်ကမ္ဘာလုံး လုပ်သင့်ပါတယ်” လို့ ဆိုသွားပါတယ်။ အမေရိကန်မှာ ရေနံ နဲ့သဘာဝဓာတ်ငွေ့ လုံလုံလောက်လောက်ရှိကြောင်းကိုလည်း “ကျနော်တို့ဆီမှာရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ကမ္ဘာမှာ ရှိတဲ့ ဘယ်နိုင်ငံမဆိုထက် အများကြီးပိုပါတယ်။ ကုန်စည်နဲ့ ဝန်ဆောင်မှု ကုန်ကျစရိတ်တွေကို အများကြီး လျှော့ချပေးနိုင်ရုံမကဘူး၊ အမေရိကန်က ကမ္ဘာ့ စူပါ ပါဝါထုတ်ကုန်နိုင်ငံဆိုတာကို ခင်ဗျားတို့ကို ပြပေးပါမယ်” ဆိုပြီး ပြောသွားပါတယ်။
REF: Breezy scroll
#MNP #News #Economic #International
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment