နေပြည်တော်၊ ဇန်နဝါရီ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိသည့်အခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၆၉ ပါတီ အထိ ရှိလာပြီဖြစ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယမန်နေ့က လာရောက်လျှောက်ထားခဲ့သည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၁၉ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ၊ စုစုပေါင်း ၆၉ ပါတီရှိပြီဖြစ်သည်။
#MNP #News #Political
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment