ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ




ဟင်္သာတ၊ ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ကျောင်း၌ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ “မိမိတို့ကျောင်းအနေဖြင့်ယနေ့သည် မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တက်ရောက်မည့် ကျောင်းသား/သူများအား ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုပါကြောင်းနှင့် သားငယ်သမီးငယ်များ အနေဖြင့် ကျောင်းစည်းကမ်းများကို လိုက်နာပြီး ထူးချွန်သော ကွန်ပျူတာပညာရှင်များအဖြစ် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးကို အကျိုးပြုနိုင်သော ပညာရှင်များဖြစ်အောင် ကြိုးစား သင်ယူကြစေလိုကြောင်းနှင့် နိုင်ငံနှင့်လူမျိုး၏အားထားရသော သားကောင်း၊ သမီးကောင်း ရတနာများဖြစ်ကြပါစေကြောင်း၊ မောင်မယ်များအနေဖြင့် အဆင့်မြင့်ပညာများသင်ယူ၍ မိမိတို့ဘဝအနာဂတ်ကောင်းများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပြီးနောက် စတုတ္ထနှစ်(ကွန်ပျူတာသိပ္ပံ)သင်တန်းမှ မောင်အောင်ဇော်မိုးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပထမနှစ်ဝင်ခွင့်ရရှိသော (ကွန်ပျူတာ သိပ္ပံနှင့်နည်းပညာ)သင်တန်းမှ မပြည့်ဝန်းသော်မှ ကျေးဇူးတင်စကား ပြန်ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းနှစ်အသီးသီးတွင် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခဆရာ/မများနှင့် ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား(၃ဝဝ)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းအဆို၊ အကများဖြင့် ပြန်လည် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)