ငါးသိုင်းချောင်း၊ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ရေကြည်မြို့နယ်လုံးဆိုင်ရာ သုဓမ္မသံဃအဖွဲ့ကြီးမှ ကြီးမှူးကျင်းပသော (၆၅)ကြိမ်မြောက် ဓမ္မနုဂ္ဂဟစာမေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေရေးဆောင်ကျောင်းတိုက် သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဖြေဆိုခဲ့ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်က စာဖြေသံဃာတော်များ လိုက်နာရမည့် စည်းကမ်းချက်များကို လျှောက်ထားခဲ့သည်။ အဆိုပါ ဓမ္မနုဂ္ဂဟစာမေးပွဲတွင် ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့်မြို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ကြက်ခြေနီအဖွဲ့နှင့် အလှူရှင်တို့မှ စာဖြေသံဃာတော်များအား လိုအပ်သည့်များနှင့်တကွ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့ဖြေဆိုသည့် ဓမ္မနုဂ္ဂဟစာမေးပွဲသို့ ကြီးကြပ်ဆရာတော်( ၁၆) ပါးတို့ဖြင့် ဦးဆောင်ကျင်းပဆောင်ရွက်လျက်ရှိရာ စာဖြေသံဃာနှင့်သီလရှင် စုစုပေါင်း(၉၁)ပါး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment