ဇန်နဝါရီ - ၈ ( ဗုဒ္ဓဟူးနေ့ )
ဗင်နီဇွဲလား အာဏာပိုင်များက တိုင်းပြည်ရဲ့ အစိုးရ ကြီးကြီးပိုင်းတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ယူကရိန်းနှင့် အမေရိကန်များ အပါအဝင် နိုင်ငံခြား ကြေးစား ခုနစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သမ္မတ နီကိုလပ်မာဂျူရို က ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးမိရတဲ့ ကြေးစားစစ်သားတွေထဲမှာ ကိုလံဘီယာနိုင်ငံသား ၂ ဦး ၊ ယူကရိန်း စစ်သား ၃ ဦး နဲ့ အမေရိကန် စစ်တပ်ပိုင်းက အရာရှိ ၂ ဦး ပါတယ်လို့ သမ္မတက သတင်းစာရှင်းလင်ပွဲမှာ ဆိုထားပါတယ်။ အမေရိကန်သားတွေ ကတော့ အရေးကြီးတဲ့ ကြေးစားတွေဖြစ်ပြီး လုပ်ကြံရေးအဖွဲ့ရဲ့ခေါင်းဆောင်တွေလို့လည်း သမ္မတက ဆိုပါတယ်။
ဒါပေမဲ့ မာဂျူရိုက ထိန်းသိမ်းခံထားရသူများနှင့်ပတ်သက်တဲ့ ကိုယ်ရေး အချက်အလက်များ၊ အဖွဲ့ဝင် အရေအတွက် နဲ့ လုပ်ကြံမှုအစီအစဉ်များကဲသို့ အသေးစိတ်အချက်အလက်များကိုတော့ ရှင်းလင်ပြတ်သားစွာ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ မာဂျူရိုရဲ့ပြောကြားချက်အရ အဖမ်းခံရသူများသည် တော်လှန်ရေး ခေါင်းဆောင်များကို တိုက်ခိုက်ရန် ကြံရွယ်ခဲ့ပြီး ၎င်းရဲ့ရှေ့သမ္မတ ဟူဂိုချာဗက်ဇ်ကလည် လုပ်ကြံခံရမဲ့ စာရင်းထဲမှာ ပါနေပါတယ်။
“ဒီလိုကိစ္စတွေကို ဗင်နီဇွဲလားက လုံးဝခွင့်မပြုနိုင်ဘူး။ နိုင်ငံသားတွေအနေနဲ့ အမြင့်တပ်လှန့် သတိထားနေဖို့ အတွက် တိုက်တွန်းလိုက်ပါတယ်” လို့ ၎င်းက ဆိုပါတယ် ။ ဗင်နီဇွဲလားအာဏာပိုင်များသည် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကြေးစားစစ်သား ၁၂၅ ဦးကို ဗင်နီဇွဲလားနိုင်ငံအတွင်း “အကြမ်းဖက်မှုကျင့်သုံးရန်” ဝင်ရောက်ခဲ့သည်ဟု မာဒူရိုက စွပ်စွဲထားသည်။
ပြီးခဲ့တဲ့ ဇူလိုင်လ ရွေးကောက်ပွဲ မှာ မာဂျူရို အနိုင်ရရှိမှုနဲ့ ပတ်သက်ပြီး အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက ဗင်နီဇွဲလားခေါင်းဆောင်၏ အနိုင်ရမှုကို အသိအမှတ်မပြုခဲ့ဘဲ အတိုက်အခံခေါင်းဆောင် အက်မန်ဒို ဂွန်ဇာလက်ဇ် ကိုပဲ အသိအမှတ်ပြုခဲ့လို့ ဗင်နီဇွဲလားမှာ နိုင်ငံရေး တင်းမာမှု မြင့်တက်ခဲ့ပါတယ်။ ဂွန်ဇာလက်က စစ်တပ်ကို အာဏါသိမ်းရန်တိုက်တွန်းခဲ့လို့ စက်တင်ဘာလမှာ စပိန်ကို ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။ သူ့ကို မာဂျူရိုအစိုးရက ဂွန်ဇာလက်စ်သည် အကြမ်းဖက်ဝါဒ၊ ပူးပေါင်းကြံစည်မှုနှင့် အခြား ရွေးကောက်ပွဲ ဆိုင်ရာ ရာဇဝတ်မှုများစွာထုတ်ပြီး ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
အမေရိကန်က နိုဝင်ဘာလတွင် ဂွန်ဇာလက်စ်ကို ဗင်နီဇွဲလားနိုင်ငံ၏ “ရွေးကောက်ခံသမ္မတ” အဖြစ် အသိအမှတ် ပြုခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ဗင်နီဇွဲလားကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်ခဲ့ပြီး ရွေးကောက်ပွဲ ဆိုင်ရာ လိမ်လည်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် အရာရှိများကို စီးပွားရေး ပိတ်ဆို့မှု ပစ်မှတ်ထားခဲ့ပါတယ်။ အဲ့ဒိလမှာပဲ ဗင်နီဇွဲလားက နိုင်ငံအပေါ် အကျပ်ကိုင်သော အစီအမံများကို အားပေး ကူညီသူများအား ထောင်ဒဏ် ၂၅ နှစ်မှ ၃၀ အထိ ချမှတ်မယ်ဆိုပြီး ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment