ဇန်နဝါရီလ - ၁၉ ( တနင်္ဂနွေနေ့ )
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ ၂ နိုင်ငံ နယ်စပ်စည်းနားက မြို့ဖြစ်တဲ့ ဘယ်ဒါမြို့နားမှာ ၂ နိုင်ငံ လယ်သမားတွေ တိုက်ခိုက်မှု ဖြစ်ခဲ့လို ၂ ဖက် နယ်ခြားစောင့်စစ်တပ်တွေ သွားရောက်ဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။ အိန္ဒိယ စစ်တပ်ဖက်က ခိုးဝင်လာတဲ့ ဘင်ဂလီတွေကို လိုက်လံ ရှာဖွေဖမ်းဆီးမှုတွေကို လုပ်နေစဉ်အတွင်းမှာကိုပင် နယ်စပ်ကို ကျော်ကာ အိန္ဒိယဖက်ခိုးဝင်လာပြီး ကောက်ပဲသီးနှံတွေ ခိုးယူမှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေတယ်လို့ အိန္ဒိယ နယ်ခြားတပ်ရဲ့ အစီရင်ခံစာကို ဒေသတွင်း မီဒီယာတွေက ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် လယ်သမားများသည် ကောက်ပဲသီးနှံများ ခိုးယူတယ်လို့ ၂နိုင်ငံ နယ်စပ်အနီးတွင် လုပ်ကိုင်နေသော အိန္ဒိယ လယ်သမားများက ဆိုကာ နံနက် ၁၁ နာရီ ၄၅ ဝန်းကျင်တွင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက်စလုံးမှ လယ်သမားများ အများအပြား စုဝေးကြပြီး အချင်းချင်း ခဲနှင့် ပစ်ပေါက်မှုများ၊ နှုတ်ဖြင့် အငြင်းအခုံ စကားများဖြစ်ပေါ်က အဆိုပါအကြောင်းက လျင်မြန်စွာ ပျံ့နှံသွားခဲ့ပါတယ်။
နယ်ခြားစောင့်တပ်ရဲ့ အစီရင်ခံစာမှာ ယင်းအငြင်းပွားမှုများကို ရှောင်ရှားရန် အရေးကြီးကြောင်း နယ်စပ်တလျှောက်ရှိ လယ်ယာနှင့်ပတ်သက်သည့် ပြဿနာများကို နယ်ခြားစောင့် ဝန်ထမ်းများထံ တိုက်ရိုက် အစီရင်ခံရန်လိုကြောင်း၊ နစ်နာမှုများရှိပါက လိုအပ်သောအစီအမံများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းစွာ ထိန်းသိမ်းရန်နှင့် နယ်စပ်အငြင်းပွားမှုများတွင် ပါဝင်ခြင်းမှ ရှောင်ကြဉ်ရန်လိုကြောင်း အိန္ဒိယလယ်သမားများအား အကြံပေးခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။
မွန်းလွဲပိုင်းအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့ကို ၂နိုင်ငံနယ်နိမိတ်၏ မီတာ ၅၀ မှ ၇၅ မီတာအကွာတွင် မြင်တွေ့ခဲ့ရသော်လည်း ၎င်းတို့ကို နယ်မြေခံ တပ်ဖွဲဝင်များက တားဆီးခဲ့ပြီး ထပ်မံ မဝင်ရောက်စေရန် သတိပေးခဲ့ကြောင်း သိရသည်။
REF - Republic
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment