ပေါင်မြို့နယ်၌၂၀၂၅ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍ ရန်ပုံငွေပြန်လည်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌၂၀၂၅ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍ ရန်ပုံငွေပြန်လည်ပေးအပ်






ပေါင်၊ ဇန်နဝါရီ  ၂၀

မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၌၂၀၂၅ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍအရင်းနှင့် အတိုးများလွှဲပြောင်းအပ်နှံခြင်းနှင့် ရန်ပုံငွေပြန်လည်ပေးအပ်ခြင်းကို ယ‌နေ့ မွန်းလွဲ 

(၂)နာရီက စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာ၌ မြန်မာဆယ်မားအူးလ်အွန်ဒုန်ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလွန်ကာလ (၂၀၂၄)ခုနှစ်၏ ဝင်ငွေတိုးတက်ရေးကဏ္ဍ အရင်းနှင့်အတိုးရရှိငွေများအား လွှဲပြောင်းအပ်နှံရာ အဟောက်ကျေးရွာ၊ ဒေးကင်းကျေးရွာ၊ ဥက္ကံကျေးရွာ၊ ကော့ထော်ကျေးရွာနှင့် ကဒိုင်ကျေးရွာများမှ စိုက်ပျိုးရေးဦးစီးဌာနသို့‌စုစုပေါင်း (၄၀၀၉၉၂၂၆၃/-)ကျပ်အား လွှဲပြောင်းအပ်နှံခဲ့ပါသည်။

ထိုကျေးရွာများသို့ စိုက်ပျိုးရေးဦးစီးဌာနအ‌နေဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၊ စီမံကိန်းလွန် ကာလ(၂၀၂၅)ခုနှစ်အတွက် ဝင်ငွေတိုးကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍနှင့် လူနေမှုပတ်ဝန်းကျင်တိုးတက်ရေးကဏ္ဍ၊ ကဏ္ဍ(၃)ရပ်တွင် သုံးစွဲရန်အတွက် ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ‌ပေးအပ်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးမျိုးမင်းထွန်း၊ သထုံခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများကကျေးရွာ(၅)ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)