အော်စလို၊ ဇန်နဝါရီ ၂၆
မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၄-၁-၂၀၂၅ ရက်၊ မွန်းလွဲ (၁၅:၀၀) နာရီတွင် အော်စလိုမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ် ခဲ့သည့် (၄၅) ကြိမ်မြောက် အာဆီယံကော်မတီအော်စလို (ASEAN Committee in Oslo – ACO) အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နော်ဝေနိုင်ငံအခြေစိုက် အာဆီယံသံရုံးများ ဖြစ်ကြသည့် မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် ACO လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ နော်ဝေနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr.Teuku Faizasyah က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မတီသည် ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပခဲ့သည့် ၄၃ ကြိမ် မြောက် အာဆီယံဝန်ကြီးများအစည်းအဝေးမှ အတည်ပြုခဲ့သည့် တတိယနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများရှိ အာဆီယံကော်မတီများအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ACO ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အလားအလာ များအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#MNP #News #Asolo
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment