ရွှေတောင်မြို့နယ် အလက (ရေနံမြေ)အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အလက (ရေနံမြေ)အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ




ရွှေတောင်၊ ဇန်နဝါရီ ၁၇

ရွှေတောင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများမှယမန်နေ့နံနက်ပိုင်းက(ရေနံမြေ)အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ လေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင် က လူငယ်နှင့်အနာဂတ်ရည်မှန်းချက်ကောင်းမွန်ရေးခေါင်းစဉ်ဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာအကြောင်းကို အသိပညာပေး ဆွေးနွေးဟောပြောပြီး "အလွန်ကြီးမားသောမုန်လာဥကြီး"ပုံပြင်စာအုပ်၊ ဒေါ်ရွှေဝတ်ရည်တိုးက  "ကြက်တူရွေးနှင့်ပုရွက်ဆိတ်"ပုံပြင်စာအုပ်တို့ အသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် ‌ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ဖြင့် ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်‌ စာစောင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ်ရာအကြောင်းများ‌ ဖော်ပြပါဝင်သည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။


ကိုကိုမင်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)