နောင်ချို၊ ဇန်နဝါရီ ၁၇
လူငယ် ၂ဦးကို TNLA အကြမ်းဖက်အဖွဲ့က လက်ပြန်ကြိုးတုတ်၍ ခေါ်ဆောင်လာပြီး သစ်ပင်အနီးတွင် ထိုင်ခိုင်းကာ နောက်မှ သေနတ်ဖြင့် ပစ်သတ်သည့် ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။
အဆိုပါ ရုပ်သံမှာ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်လှုပ်ရှားမှုများဆောင်ရွက်နေသော TNLA/ PDF အကြမ်းဖက်အဖွဲ့များမှ PDF အဖွဲ့ဝင် ၂ဦး ထွက်ပြေးရာမှ ပြန်လည်ဖမ်းဆီးရမိပြီး TNLA က သတ်ပစ်ခြင်းဖြစ်ကြောင်း သိရသည်။
TNLA အကြမ်းဖက်သမားက ကြိုးတုတ်ထားသော လူငယ်နှစ်ဦးကို နောက်စေ့မှ သေနတ်ဖြင့် တည်ပစ်ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ဦးမှလည်း သေပြီလား ဟု အော်ပြီး ထပ်မံပစ်ခတ်သည်ကို တွေ့မြင်ရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment