ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုနှင်းသဘင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုနှင်းသဘင်ကျင်းပ

 


တောင်ကြီး၊ ဇန်နဝါရီ ၁၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ KG+12 စနစ်သစ် တက္ကသိုလ်ဝင်တန်းကို ဖြေဆိုအောင်မြင်ခဲ့ပြီး ဝင်ခွင့် သတ်မှတ်ချက်များနှင့်ကိုက်ညီ၍ ကွန်ပျူတာ တက္ကသိုလ်(တောင်ကြီး) ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရ မောင်မယ်သစ်လွင်များ ကြိုဆိုပွဲနှင့် သင်တန်းနှစ် အလိုက် ထူးချွန်ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၁၄ ရက်က ကွန်ပျူတာ တက္ကသိုလ်(တောင်ကြီး) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) ကို ၂၀၀၀ ပြည့်နှစ် သြဂုတ် ၁၅ ရက် တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယခု ဆိုလျှင် သက်တမ်း ၂၄ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ကွန်ပျူတာ သိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ဘွဲ့လွန် ကွန်ပျူတာဒီပလိုမာဘွဲ့ နှင့် မဟာဘွဲ့ရ ၁၅၅၅ ဦးအား မွေးထုတ်ပေးခဲ့ကြောင်း၊ ယခုလက်ရှိ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၈၂ ဦး တက်ရောက်ပညာသင်ကြားနေသည့် အတွက် များစွာဂုဏ်ယူမိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် IT နည်းပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်အောင်ကြိုးစား၍ ဆန်းသစ်တီထွင်မှုများကိုလည်း ဆက်လက်ကြိုးပမ်း ဖော်ထုတ်သွားကြရန် တိုက်တွန်း ပြောကြားသည်။

ယင်းနောက်ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) သင်တန်းနှစ်အသီးသီးမှ ထူးချွန်ဆုရကျောင်းသား ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့ဝင်များက ဆုများချီးမြှင့်ပေး ကြသည်။ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ကျောင်းသား ကျောင်းသူများက ရှမ်းတိုင်းရင်းသား ရိုးရာ(တိုးနယား)အက၊ ပအိုဝ်းတိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) အတွက် ရေသန့်စက်နှင့် ကျောင်းသား ကျောင်းသူ များအတွက် အားကစားပစ္စည်းများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် တောင်ကြီးမြို့ ရှမ်းပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့ရုံးနှင့် ရှမ်းပြည် နယ် အမျိုးသမီးရေးရာရုံး၌ ဖွင့်လှစ်ထားသော ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ ကွတ်ခိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယာယီတိုက်ပွဲ ရှောင် ဝန်ထမ်းများအတွက် ရုံးဖွင့်လှစ်ထားရှိမှုနှင့် ဝန်ထမ်းမိသားစုနေထိုင်သည့် အခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)