ဘန်ကောက်၊ ဇန်နဝါရီ ၁၈
ထိုင်းနိုင်ငံသက်ဆိုင်ရာဌာနများ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းများအား ပြတ်ပြတ်သားသား တိုက်ဖျက်ကာ ခရီးသွားများ၏လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားရန် ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန်က ဇန်နဝါရီ ၁၇ ရက် လူမှုကွန်ရက်စာမျက်နှာတွင် စာဖြင့်ရေးသား ဖော်ပြခဲ့သည်။
ယင်းနေ့နံနက်ပိုင်းတွင် ပေထုံတန်က ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခရီးသွားနှင့် အားကစား ဝန်ကြီးဌာန စသည့် သက်ဆိုင်ရာဌာနများအား အစည်းအဝေးခေါ်ယူ၍ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များ၏ ယုံကြည်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီ ပထမလဝက်တွင် ထိုင်းနိုင်ငံ၏ နေ့စဉ်ပျမ်းမျှ တရုတ်ခရီးသွားဧည့်သည် ခရီးသွားလာမှုအကြိမ်ရေသည် ယမန်နှစ် ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက လျော့နည်းခြင်း မရှိကြောင်း အစည်းအဝေးက ထောက်ပြခဲ့သည်။ သို့သော် ယုံကြည်မှု တစ်ဆင့်တိုး မြှင့်တင်ရန်အတွက် ပေထုံတန်က သက်ဆိုင်ရာဌာနများကို ထိုင်းခရီးသွားလုံခြုံမှုအား အများသိရှိစေရေး အားဖြည့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ၎င်းကိုယ်တိုင် တရုတ်စာတန်းထိုးပါသော ဗီဒီယိုရိုက်ကူး၍ ခရီးသွားများထံသို့ လုံခြုံသည့်သတင်းစကားပါးရန် စီစဉ်ထားသေးကြောင်း သိရသည်။
ထို့အပြင် ထိုင်းခရီးသွားလုံခြုံရေးပုံရိပ်အား ထိခိုက်သည့် ပြဿနာကို အရှိန်မြှင့် ဖြေရှင်းပြီး ခရီးသွားယုံကြည်မှု ဘက်စုံ မြှင့်တင်ရန် ပေထုံတန်က သက်ဆိုင်ရာဌာနအသီသီးအား ဇန်နဝါရီ ၁၃ ရက် အစိုးရအဖွဲ့အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။ ရဲအင်အားအပြည့် ဖြန့်ကြက်ပြီး ခရီးသွားများ၏လုံခြုံရေးကို ကာကွယ်မည်ဖြစ်ပြီး ခရီးသွားလုံခြုံရေးပညာပေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အစည်းအဝေးတွင် အဆိုပြုခဲ့ကြောင်း သိရသည်။
Ref - Xinhua
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment