Greenland ဟာ ရောင်းဖို့မဟုတ်ဘူးလို့ ဒိန်းမတ်ဝန်ကြီးချုပ်က မစ္စတာ Trump ကို ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Greenland ဟာ ရောင်းဖို့မဟုတ်ဘူးလို့ ဒိန်းမတ်ဝန်ကြီးချုပ်က မစ္စတာ Trump ကို ပြော


Greenland ကို အမေရိကန်ဆီ ရောင်းချဖို့ ဒိန်းမတ်က သဘောတူမှာ မဟုတ်ဘူးလို့ ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ကို ပြောလိုက်ပါတယ်။

နိုင်ငံ့လုံခြုံရေးရည်ရွယ်ချက်အတွက် ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Greenland ကို အမေရိကန်က ရသင့်တယ်လို့ မစ္စတာ Trump က ပြောပါတယ်။

မီးစ် Frederiksen ဟာ ဗုဒ္ဓဟူးနေ့က မစ္စတာ Trump နဲ့ တယ်လီဖုန်းကနေ စကားပြောခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ Greenland ဟာ ရောင်းဖို့မဟုတ်ကြောင်း၊ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ဆိုတာဟာ Greenland ပေါ်မှာပဲ မူတည်တယ်လို့ မီးစ် Frederiksen က မစ္စတာ Trump ကို ပြောပါတယ်။

ဒိန်းမတ်က သွင်းကုန်တွေအပေါ် ဒဏ်ခတ်တဲ့ အကောက်ခွန်ဆိုင်ရာ ခြိမ်းခြောက်မှုတွေကို မစ္စတာ Trump က မရုပ်သိမ်းခဲ့ဘူးလို့ မီးစ် Frederiksen က သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံဟာ ဆိုးရွားတဲ့အခြေအနေမှာရှိနေပြီး ကုန်သွယ်ရေးနယ်ပယ်မှာ အမေရိကန်နဲ့ ဘာပဋိပက္ခမျိုးမှ မဖြစ်ပွားစေချင်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်စီးပွားရေးလုပ်ငန်းတွေဟာ အမေရိကန်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကုန်သွယ်ရေးပဋိပက္ခအတွက် စိုးရိမ်နေကြပါတယ်။

မီးစ် Frederiksen ဟာ ဆေးဝါး၊ ဘီယာနဲ့ နိုင်ငံ့အထင်ကရ အရုပ်တုံးထုတ်လုပ်ရေး ကုမ္ပဏီတွေ အပါအဝင် ဒိန်းမတ်စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။ သူတို့ကို လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မီးစ် Frederiksen က ရှင်းလင်းပြောပြခဲ့တယ်လို့ ယုံကြည်ရပါတယ်။

လာမယ့်သီတင်းပတ်အတွင်း မစ္စတာ Trump သမ္မတတာဝန်ယူပြီးတဲ့နောက် သူနဲ့တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


Ref - NHK

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)