အောင်မြေသာစံမြို့နယ်တွင် သစ်လွင်သူနာပြုများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်မြေသာစံမြို့နယ်တွင် သစ်လွင်သူနာပြုများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



အောင်မြေသာစံ၊ ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှ ပြည်သူဆက်ဆံရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သင်ခန်းစာအပါအဝင် သစ်လွင်သူနာပြုများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲအခမ်းအနားကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး၊ သင်တန်းခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင်က တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေး၊ အရည်အချင်းပြည့်ဝသော သူနာပြု-သားဖွားဆရာမများကို ပြုစုပျိုးထောင်ပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျသည့် ဒေသတွင်လည်း ပြည်သူများအပေါ် စေတနာအရင်းခံထားပြီး ကိုယ်ချင်းစာစိတ်အပြည့်နှင့် နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးကြရန်လိုကြောင်း၊ သူနာပြုများ၏ အဓိကတာဝန်သည် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးခြင်းဖြစ်သောကြောင့် မည်သည့်အခြေအနေမျိုးတွင်မဆို လူနာများကို ပစ်ပယ်ထားခြင်း မပြုဘဲ ပြုစုစောင့်ရှောက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါသစ်လွင်သူနာပြုများလုပ်ငန်းခွင်အကြိုသင်တန်းကို ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ငါးရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၉၈ ဦး တက်ရောက်ကာ မကြာမီ ပြည်သူ့ဆေးရုံအသီးသီးသို့ လုပ်ငန်းခွင်ဝင်ရောက်ကြတော့မည့် သစ်လွင်သူနာပြုများအတွက် လုပ်ငန်းခွင်မဝင်မီ ပြည်သူ့ဆက်ဆံရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အပါအဝင် သိသင့်သိထိုက်သောအချက်များ၊ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် လိုက်နာရမည့်အချက်များကို ဆွေးနွေးသင်ကြားပေးမည်ဖြစ်သည့်အပြင်ကြုံတွေ့လာနိုင်သည့် အခက်အခဲများကိုလည်း ဖြေရှင်းနိုင်အောင် ဆွေးနွေးပြောကြားပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းနိုင်၊ ညွှန်ကြားရေးမှူး ဒေါက်တာဂျီဆိုင်းတောင်၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သူနာပြုအုပ်နှင့် ဦးစီးအရာရှိ(သူနာပြု)များ၊ လုပ်ငန်းခွင်ဝင်ရောက်ကြတော့မည့် သစ်လွင်သူနာပြု (၅၈)ဦးနှင့် အထက်တန်းသူနာပြု ရာထူးတိုးကြသည့် ဆရာမ(၄၀)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။


မြင့်မော်ထွန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)