ဇန်နဝါရီ - ၉ ( ကြာသပတေးနေ့ )
ဗုဒ္ဓဟူးနေ့က လောင်ကျွမ်းခဲ့တဲ့ အမေရိကန်မြို့တော် လော့စ်အိန်ဂျလိစ် တောမီးကြောင့် လူ ၅ ယောက် သေဆုံးခဲ့ပြီး ခန့်မှန်တွက်ချက်မှုအရ ကန်ဒေါ်လာ ဘီလီယံ ၅၀ကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ အိမ်ခြေရာနဲ့ချီ မီးထဲပါသွားပြီး လူပေါင်း ၁သိန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ သမိုင်းမှာ တန်ဖိုးအကြီးဆုံး တောမီး လို့ သက်မှတ်ခဲ့ကြပါတယ်။
မီးငြိမ်းသတ်ရေးအရင်းအမြစ်များနဲ့ ရေပေးဝေမှုလည်း ထိခိုက်ခဲ့ရပါတယ်။ အင်္ဂါနေ့ညနေက စပြီးလောင်ကျွမ်းခဲ့စဉ် မီးသတ်သမားတွေက မီးငြိမ်းသက်နေစဉ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ဘယ်လိုမှ ထိန်းချုပ်လို့ မရဘဲ ပျံ့နှံ့မှု မြန်ဆန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ရေဖြန်းနေတဲ့ကြားထဲကနေကိုပဲ ခြောက်သွေ့သောလေများက ပိုမိုပြင်းထန်လာပြီး မိုးခေါင်ရေရှားသော ကုန်းမြေတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ပါတယ်။ နေဝင်သည်နှင့်အမျှ အန္တရာယ်အရှိဆုံး မီးလောင်ကျွမ်းမှု နှစ်ခုက ဆက်လက် ကျယ်ပြန့်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ရှိ ဟောလီးဝုဒ်တောင်တန်း အပိုင်းတွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုအသစ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးချုပ် ခရစ္စတင်းခရိုလေး က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး လော့စ်အိန်ဂျလိစ်ကောင်တီတွင် တောမီးလောင်ကျွမ်းမှု အရေအတွက် ခြောက်ကြိမ်အထိ မြင့်တက်လာခဲ့ကြောင်း ဆိုပါတယ်။
အနောက်ဘက်ခြမ်းတွင် ပါလီဆိတ်တောမီးက ၁၅၈၃၂ ဧက (၆၄၀၆ ဟက်တာ) နှင့် ဆန်တာမိုနီကာနဲ့ မာလီဘူး အကြားရှိ တောင်ကုန်းများတွင် ဧက ၁၀၀၀ကျော် လောင်ကျွမ်းခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်သမိုင်းတွင် အဖျက်အဆီးအခံရဆုံး မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်မျာနေထိုင်တဲ့ ဟောလီးဝုဒ် စတားများနဲ့ သူဌေးများ ကားများနဲ့ ထွက်ပြေးခဲ့ရသလို အချို့မှာခြေကျင် ထွက်ပြေးခဲ့ရတဲ့အထိ မီးလောင်ကျွမ်းမှုမြန်ဆန်ခဲ့တယ်လို့ သိရပါတယ်။
Ref - News 18
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment