ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ပြုလုပ်






သထုံ၊ ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားအား ကွန်ပျူတာတက္ကသိုလ် (သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင့်သီတာဇော်နှင့် ပါမောက္ခဌာနမှူးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပါမောက္ခချုပ်က ယခုအချိန်သည် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းလျက်ရှိသည့်အချိန်ဖြစ်ရာ ကွန်ပျူတာဘာသာရပ်အား လေ့လာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူတို့၏ စွမ်းဆောင်ရည်သည် အလွန်အရေးကြီးပါကြောင်း၊ တက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် IT ပညာရပ်တို့ကို ကြိုးစားသင်ယူကာ နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ပူးပေါင်းပါဝင်နိုင်မည့် IT ပညာရှင်များဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ဆက်လက်၍ စတုတ္ထနှစ် ကျောင်းသားတစ်ဦးက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ပထမနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်း၊ ကွန်ပျူတာတက္ကသိုလ် (သထုံ) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများက ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့နှစ်အလိုက် ထူးချွန်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲအသီးသီးတို့မှ ဆုရကျောင်းသူ၊ ကျောင်းသားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါကြိုဆိုပွဲတွင် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ King & Queen ရွေးချယ်ချီးမြှင့်ခြင်း၊ ကံစမ်းမဲများ ဖွင့်ဖောက်ပေးခြင်းတို့ကို တပျော်တပါး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)