နေပြည်တော်၊ ဇန်နဝါရီလ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ နယ်မြေလုံခြုံရေးဆောင်ရွက် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့အတွင်းဖြတ်သန်းသွားလာသည့် ပြည်သူများ နှင့် ခရီးသွားကားများအား အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်နေကြောင်း မဟုတ်မမှန် သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အရာတော်မြို့နယ်အတွင်း အကြမ်း ဖက်သမားများ စိမ့်ဝင်မှုမရှိစေရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ မလုပ်ဆောင်နိုင် စေရန်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့ညမပျက် ပုံမှန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ပြည်သူများနှင့် ခရီးသွားကားများအား အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ခြင်း မရှိကြောင်း၊ တရားမဝင် ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရန် နှင့် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူ များ အထင်အမြင်လွဲမှားစေရန်၊ ရည်ရွယ်ချက်ရှိရှိ ယခုကဲ့သို့ အခြေအမြစ်မရှိသော သတင်းအမှားများအား လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment