၂၀၂၅ စလိုက်တာနဲ့ အမေရိကားမှာအဆိုးဝါးဆုံးတောမီးနဲ့ သတင်းစာမျက်နှာတွေ ဖွင့်လိုက်ပါတယ်။ ပျက်စီးဆုံးရှုံးမှု အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ သဘာဝအတိုင်း တစ်ဦးနဲ့ တစ်ဦး အကူအညီပေးကြ၊ စောင့်ရှောက်ကြတာက သဘာဝဘေးအန္တရာယ်ကြား က အလှတရားတစ်ခုပါပဲ။ ဟောလီးဝုဒ်က စေတနာ့ဝန်ထမ်း စတား အချို့ကိုဖော်ပြလိုက်ပါတယ်။
တေလာဇတ်ကာမီရက်ဇ်
တေလာက အသိပညာပေးကာ ဇန်နဝါရီ ၁၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် Westlake ကျေးရွာရှိ L.A. Fire Relief Community Event ကို စီစဉ်ပေးခဲ့ပါတယ် ။ အဆိုပါ အခမ်းအနားမှာ မရှိမဖြစ်လိုအပ်သော အလှူငွေများ လက်ခံမှာပါ။
မီဂန်မာကယ်
မီဂန် နှင့် သူမ၏ခင်ပွန်း မင်းသားဟယ်ရီတို့က မီးဘေးသင့်သူများအား ကူညီရန် Pasadena Convention Center သို့ သွားရောက်ခဲ့ပါတယ်။
မင်းသားဟယ်ရီ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ မီဂန်တို့က အိတန် မီးလောင်ပြင်ကို မြို့တော်ဝန် ဗစ်တာဂေါ်ဒို နှင့်အတူ လိုက်ပါသွားခဲ့ပြီး လိုအပ်တာတွေကို အကူအညီပေးခဲ့ပါတယ်။
ဂျန်နီဖာဂန်နာ
ပါလီဆိတ် နှင့် အိတန် မီးလောင်ကျွမ်းမှုကြောင့် မြို့များပျက်စီးပြီးနောက် ဂျနီဖာက ကယ်ဆယ်ရေးလုပ်ငန်း များကို အမျိုးမျိုးကူညီပေးခဲ့ပါတယ် ။ မီးဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မိသားစုတွေကို စားဖိုမှူး ဂျို့စ်အန်ဒရီ ရယ် World Central Kitchen တို့နဲ့ ပူးပေါင်းပြီး Save the Children နဲ့ Project Camp LA က ကလေးတွေ အတွက် ဘေးကင်းတဲ့နေရာတွေ ပံ့ပိုးပေးခဲ့ပါတယ်။
ဂွီလာမိုရိုဒီဂွက်ဇ်
Jimmy Kimmel Live တွင် မြင်တွေ့ရသည့်အတိုင်းပဲ ဂွီလာမိုက မီးဘေးကယ်ဆယ်ရေးအတွက် အလှူငွေများ စုဆောင်းရင်း အချိန်ကုန်ခဲ့ပါတယ်။
ပဲရစ်ဟီလ်တန်
သူမရဲ့ မာလီဘူးကအိမ် မီးလောင်ခံလိုက်ရပြီး နေအိမ်ဆုံးရှုံးခဲ့ရပေမဲ့ ပဲရစ်က အိမ်မွေးတိရစ္ဆာန်များနှင့် အခြားတိရစ္ဆာန်များကို ခိုလှုံရာနေရာ ကူညီထောက်ပံ့ရန် Pasadena Humane Society နဲ့တွဲပြီး နေရာ လုပ်ပေးနိုင်ခဲ့ပါတယ်။
ဘီသာနီဖရန့်ကလည်း ဘီသာနီက မီးငြှိမ်းသတ်ရေး ကြိုးပမ်းမှုများကို ကူညီရန် Global Empowerment Mission Bstrong Los Angeles ရုံးချုပ်သို့ တက်ရောက်ပြီး လိုအပ်တာတွေကိုထောက်ပံ့ခဲ့ပါတယ်။
အန်နီလန်နော့ဇ်
Annie သည် ပရောဂျက် Angel Food Fire Relief ကို ကူညီပံ့ပိုးရန် Amped Kitchens မှ အစားအသောက်တွေကို ဝယ်ယူ လှူဒါန်းခဲ့ပါတယ်။
Join - https://t.me/MyanmarNationalPost








No comments:
Post a Comment