ဗန်းမောက်မြို့၌ ဣစ္ဆာဿယဇလုံတောင်တော်ဘုရားစေတီများနှင့် ကျောက်မဏ္ဍာပ်ဘုရားစေတီများဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမောက်မြို့၌ ဣစ္ဆာဿယဇလုံတောင်တော်ဘုရားစေတီများနှင့် ကျောက်မဏ္ဍာပ်ဘုရားစေတီများဖွင့်ပွဲ ကျင်းပ


ဗန်းမောက်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် အတွင်းရှိ တန်ခိုးကြီးဘုရားဖြစ်သော ဣစ္ဆာဿယဇလုံတောင်တော်ဘုရား စေတီများနှင့် ကျောက်မဏ္ဍာပ် ဘုရားစေတီများဖွင့်ပွဲနှင့် ဘုရားဖူး လာရောက်ကြသူများ အဆင်ပြေ ချောမွေ့စွာ ဘုရားဖူးနိုင်ကြစေရန် အတွက် ဇလုံတောင်တက်ကားလိုင်းဖွင့်ပွဲကို ယမန်နေ့က မြို့တော်ခန်းမရှေ့တွင် ကျင်းပသည်။

ရှေးဦးစွာ မြို့မပရိယတ္တိ စာသင်တိုက်တိုက်အုပ်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တ ဦးဝိစိတ္တ၊ ဇလုံတောင်သာသနာပြု ဆရာတော်ဘဒ္ဒန္တဦးပညာသာရ (သာသနဓဇဓမ္မာစရိယ)၊ကျောက် မဏ္ဍာပ်ဆရာတော်ဘဒ္ဒန္တအာစ္ဆရ၊ ရွှေညောင်ပင်ဆရာတော်ဘဒ္ဒန္တ ဦးပညာသီရိ၊ ဇလုံတောင်တော် ဘုရားဂေါပကဥက္ကဋ္ဌ ဦးကျော်ဝေ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက နာမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆရာတော် ဦးဝိစိတ္တ မှ သြဝါဒမိန့်ကြားကာ၊ ဂေါပကဥက္ကဋ္ဌက ဇလုံတောင်ဘုရားစေတီများနှင့် ကျောက်မဏ္ဍာပ် ဘုရား စေတီများ ဖွင့်လှစ်ရခြင်းနှင့် ကားလိုင်းဖွင့်လှစ်ရခြင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဇလုံတောင်တော် ဘုရားစေတီများနှင့် ကျောက်မဏ္ဍာပ်ဘုရားစေတီများပါသည့် ပိုစတာ ဆိုင်းဘုတ်ကို စိုက်ထူကြပြီး ဆရာတော်၊ သံဃာတော်များနှင့် ဘုရားဂေါပကအဖွဲ့များက ဆိုင်းဘုတ် နှင့် တောင်တက်ကားများအား အမွှေးနံ့သာရည်များကို အောင်သပြေခက်များဖြင့် ပက်ဖျန်းကြကာ အမှတ်တရဓာတ်ပုံများ ရိုက်ခဲ့ကြသည်။

ဣစ္ဆာဿယဇလုံတောင် ဘုရားစေတီများနှင့် ကျောက်မဏ္ဍာပ်ဘုရားစေတီများတို့ ဘုရားဖူး လာရောက်သည့် သူများအတွက် ဇလုံတောင်တက်ကားအသင်းကို ဗန်းမောက်မြို့ မြို့တော်ခန်းမ ရှေ့တွင် နံနက် ၆ နာရီ မှ ညနေ ၃နာရီအထိ နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်သောကြောင့် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးခရီးသည်များ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အန္တရာယ်ကင်းရှင်းစွာဖြင့် ဇလုံ တောင်တော်ဘုရားသို့ ဖူးမြော်နိုင်ပြီဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)