ရတနာပုံတက္ကသိုလ်၌ ဘူမိဗေဒဘာသာရပ်ဝင်ခွင့်ရ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ မိုင်(၂၀) လမ်းလျှောက်စစ်ဆေးခြင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရတနာပုံတက္ကသိုလ်၌ ဘူမိဗေဒဘာသာရပ်ဝင်ခွင့်ရ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ မိုင်(၂၀) လမ်းလျှောက်စစ်ဆေးခြင်း ပြုလုပ်


မန္တလေး၊ ဇန်နဝါရီ ၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံ တက္ကသိုလ် ၂ဝ၂၄-၂ဝ၂၅ ပညာ သင်နှစ်အတွက် ဘူမိဗေဒဘာသာ မိုင်၂ဝ လမ်းလျှောက်မှု စစ်ဆေး ခြင်းကို ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီက အဆိုပါတက္ကသိုလ် တွင် ပြုလုပ်ခဲ့သည်။

“ကျောင်းအပ်နှံပြီးတဲ့ ကျောင်းသား၊ ကျောင်းသူများကို မိုင်၂ဝ လမ်းလျှောက်နိုင်မှု စစ်ဆေးမှု ပြုလုပ်တာဖြစ်ပါတယ်။ စုရပ် ဖြစ်တဲ့ ပင်မဆောင်ကနေ တာလွှတ် ပြီး ၁၂ ပတ် သတ်မှတ်ထားပါတယ်။ ယခုလို စစ်ဆေးရတာက ဘာသာရပ်အထောက်အကူပြုပညာ ရပ်နယ်ပယ်တွေကို လက်တွေ့ သွားရောက်ကြတဲ့အခါ လက်တွေ့ ကွင်းဆင်းထွက်ကြရတဲ့အခါ ကြံ့ခိုင်မှု၊ သက်လုံကောင်းမှု၊ ဇွဲလုံ့လပြည့်ဝမှု၊ အသင်းအဖွဲ့ စိတ်ဓာတ်၊ ပေါင်းသင်းဆက်ဆံ ရေးကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး စစ်ဆေးမှုပြုလုပ်တာ ဖြစ်ပါတယ်”ဟု ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနမှ(ပါမောက္ခ၊ဌာနမှူး) ဒေါက်တာ နှင်းနှင်းဌေးက ပြောသည်။

ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးဆေးစစ်ခြင်းနှင့် Color Blindness စစ်ဆေး ခြင်းကို ဇန်နဝါရီ ၃ ရက်က စစ်ဆေးခဲ့ပြီး ကျန်းမာရေးဆေးစစ်ခြင်းနှင့် မိုင်၂ဝ လမ်းလျှောက်မှုစစ်ဆေးခြင်း ပျက်ကွက်ပါက ဘူမိ ဗေဒဘာသာရပ်အထူးပြုကို လုံးဝတက်ရောက်ခွင့် မပြုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ 

ဘူမိဗေဒဘာသာရပ်သည် သဘာဝသိပ္ပံ(natural science) ဘာသာရပ်ဖြစ်ပြီး ၎င်းဘာသာရပ် Physics, Chemistry, Computer Science, Biology, Botany, Geography အစရှိသော ဘာသာများရပ်များ နှင့် ဆက်စပ်နေသည့် ဘာသာရပ် ဖြစ်ပြီး ဘူမိဗေဒ(Geology) ဘာသာရပ်၏ ဘာသာရပ်ခွဲများ အဖြစ် Mineralogy (တွင်းထွက်များကို လေ့လာသောဘာသာရပ်)၊ Petrology (ကျောက်ပညာကို လေ့လာသော ဘာသာရပ်)၊ Economic Geology (စီးပွားဖြစ် ဘူမိဗေဒ)၊ Structural Geology (အနေအထားဘူမိဗေဒ)၊ Geomophology(ဘူမိရုပ်သွင်)၊ Stratigraphy (ထရဗေဒ(ခ) ကျောက်လွှာများကို လေ့လာ သောဘာသာရပ်)၊ Paleontology (ကျောက်ဖြစ်ရုပ်ကြွင်း)၊ Geochronology (ဘူမိအချိန် ကို လေ့လာသော ဘာသာရပ်)၊ Environmental Geology (ပတ်ဝန်းကျင်ဘူမိဗေဒ)၊ Engineering and Hydrology (အင်ဂျင်နီယာဘူမိဗေဒနှင့် ရေ အသုံးချဘူမိဗေဒ)၊ Petnoleum Geology (6 ရှာဖွေရေးဘူမိဗေဒ)၊ Mining Geology(သတ္တုတွင်းဘူမိဗေဒ)၊ Geochemisty(ဘူမိဓာတုဗေဒ) စသည့် ဘာသာရပ်ခွဲများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)