အကြမ်းဖက်လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခံရပြီး အမေရိကန်သို့ ထွက်ပြေးသွားသည့် ပန်ဆယ်လို ၏ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံသားခံယူထားသည့် ကိုဥက္ကာမင်းထွန်း ၏ တရားစွဲဆိုမှုကို Federal တရားရုံးက လက်ခံလိုက်ပြီဖြစ်ကြောင်း ပြောဆိုထားသည်။
ပန်ဆယ်လို သည် အမေရိကန်သို့ ရောက်ရှိပြီး အကြမ်းဖက်လှုပ်ရှားမှုအတွက် ငွေကြေးကောက်ခံမှုများကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ ရယူခဲ့ပြီး လိမ်လည်ခဲ့ခြင်းကြောင့် ကိုဥက္ကာမင်းထွန်း က တရားစွဲဆိုရန် ကာလရှည်ကြာ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ဥက္ကာမင်းမောင် က ပန်ဆယ်လိုအား တရားစွဲဆိုထားသော အမှု Federal တရားရုံးက လက်ခံလိုက်ပြီဖြစ်ကြောင်း တရားရုံးသို့ သွားရောက်ခဲ့သည့် ကိုဥက္ကာမင်းထွန်းနှင့် ပြောဆိုထားသည့် ရုပ်သံဖိုင်ဖြင့် ပြောဆိုထားသည်။
ကိုဥက္ကာမင်းထွန်း က "ဖက်ဒရယ်တရားရုံးနော်၊ လာရှင်းတော့။ တရားသူကြီးက ၁၁နာရီခွဲကြရင် ပြန်လာခဲ့တဲ့။ စာရွက်စာတမ်းတွေ လာယူတဲ့။ ရုံးက သုံးရုံးကွ၊ လုပ်ရတာ မလွယ်ဘူး။ အကုန်လုံး လက်ခံလိုက်ပြီ။ နောက်ကျရင် FBI တွေ ဘာတွေ အကုန်လုံး လာလိမ့်မယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်တာ။" ဟု ပြောဆိုထားသည်။
ဥက္ကာမင်းမောင် က "သူခိုးမ ပါ၊ တလရ ကို ဗန်းပြပြီး ပြည်သူ့ငွေတွေ ခိုးနေတာ၊ လူ့အသက်တွေကို သတ်နေတာ၊ လူငှားပြီး လုပ်ကြံခိုင်းနေတာတွေကို အခုထိ သူ့ရဲ့ အောက်စွဲတသိုက် က ဦးနှောက်မရှိဘူးနော်။ ခင်ဗျားတို့ကိုယ်တိုင် ၃နှစ်အတွင်းမှာ ဒီကောင်မလိုမျိုး မခိုးဘဲနဲ့ ခင်ဗျားတို့ဘဏ်အကောင့်ထဲကို ဒေါ်လာသန်းကျော်၊ မြန်မာငွေနဲ့ဆို ကျပ်သိန်းပေါင်း ၄သောင်းကျော် အိမ်တစ်လုံးပိုင်ဖို့ ကြိုးစားကြည့်လိုက်ပါအုံး။ အမေရိကားကို လာပြီးတော့ ၃နှစ်အတွင်းမှာ ကျပ်သိန်းပေါင်း ၄သောင်းကျော်တန်တဲ့ ဒေါ်လာ ၁သန်းကျော် တန်တဲ့အိမ်ကို ဝယ်နိုင်ဖို့ ခင်ဗျားတို့ ကြိုးစားကြည့်လိုက်ပါအုံး။ ဒီအောက်တန်းစာ မက နိုင်ငံရေးသမားလည်း မဟုတ်ဘူး။" ဟု ပြောဆိုထားသည်။
ပန်ဆယ်လိုသည် အမေရိကန်သို့ ထွက်ပြေးရောက်ရှိပြီး အချိန်တိုအတွင်း ဒေါ်လာ ၁သန်းကျော်တန် အိမ်နှင့် ခြံ ဝယ်ယူလိုက်ခြင်းကြောင့် အများပြည်သူက တလရ အတွက် လှူဒါန်းငွေများကို အလွဲသုံးစားပြုလုပ်နေသည်ကို သိမြင်လာကြပြီး ကိုဥက္ကာမင်းထွန်းမှ တရားစွဲဆိုနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment