ဇန်နဝါရီ - ၇ ( အင်္ဂါနေ့)
ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူ ရာထူးမှ နုတ်ထွက်ပြီးနောက် ကနေဒါနိုင်ငံသည် ၅၁ ခုမြောက် အမေရိကန်ပြည်နယ် ဖြစ်လာသင့်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က အကြံပြုခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ပါတီဖြစ်တဲ့ လစ်ဘရယ်ပါတီတွင်း ထိုးနှပ်တိုက်ခိုက်မှုများကြောင့် ရာထူးမှ နုတ်ထွက်စာတင် လိုက်ပေမဲ့ အောက်တိုဘာလ ရွေးကောက်ပွဲမှာ ခေါင်းဆောင်သစ်ရွေးပြီးတဲ့ အထိ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် ဆက်လက်နေပေးသွားမှာဖြစ်ပါတယ်။
"ကနေဒါရှိလူများစွာသည် အမေရိကန်ရဲ့ ၅၁ခုမြောက် ပြည်နယ်ဖြစ်ရေးကိုနှစ်သက်နေကြပါတယ်" ဟု ထရမ့် က တနင်္လာနေ့မွန်းလွဲပိုင်းတွင် သူ့ကိုယ်ပိုင်Truth ဆိုရှယ်ပလက်ဖောင်းတွင်တင်ခဲ့ပါတယ်။
“ကနေဒါဟာ ရုန်းရင်းဆန်ခတ်နေဖို့ လိုအပ်နေတဲ့ ကြီးမားတဲ့ ကုန်သွယ်မှုလိုငွေပြမှုနဲ့ ထောက်ပံ့ကြေးတွေကို အမေရိကန်ပြည်ထောင်စုက မခံစားနိုင်တော့ပါဘူး။ ထရူးဒူးက က ဒါကိုသိပြီး ရာထူးက နုတ်ထွက်ခဲ့တာပဲဖြစ်တာပါ ”
“တကယ်လို့ ကနေဒါက အမေရိကန်နှင့် ပေါင်းစည်းမည်ဆိုပါက အခွန်ကောက်ခံမှုနည်းသွားပြီး ကနေဒါသားတွေ အခွန်ပေးဆောင်ရမှု နည်းသွားမှာပဲ ဖြစ်ပါတယ်။ ၎င်းအပြင် ကနေဒါကို အဆက်မပြတ်ဝန်းရံနေသော ရုရှားနှင့် တရုတ်သင်္ဘောများ၏ ခြိမ်းခြောက်မှုမှ “လုံးဝလုံခြုံ” လိမ့်မည်ဖြစ်ကြောင်း ထရမ့် က ပြောကြားခဲ့ပါတယ်။
ကနေဒါနှင့် မက္ကဆီကို နှစ်နိုင်ငံစလုံးမှ ဖြတ်ကျော်လာသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ထရမ့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ထရူးဒူး ရာထူးမှ နုတ်ထွက်ရခြင်းက အစိတ်အပိုင်းတစ်ရပ် ဖြစ်နေပါတယ်။ ထရမ့်က တရားမဝင် ရွှေ့ပြောင်းအခြေချသူများ၊ ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးများကို အမေရိကန်အတွင်းသို့ ဝင်ရောက်ခွင့်ပေးနေတယ်လို့ အိမ်နီးချင်းနှစ်နိုင်ငံစလုံးက စွပ်စွဲထားပြီး လွတ်လပ်သောကုန်သွယ်မှုစာချုပ်များကို အလွဲသုံးစားလုပ်ခြင်းဖြင့် ဝါရှင်တန်အစိုးရ နှင့် တရားမျှတမှုမရှိသော ကုန်သွယ်ရေးပိုငွေပြမှုများကို လုပ်ဆောင်နေတယ်လို့လည်း စွတ်စွဲထားပါတယ်။ အကောက်ခွန်ခြိမ်းခြောက်မှုကြောင့် ထရူးဒူးရဲ့ လက်ထောက် ခရိုင်စတီယား ဖရီးလန်း နုတ်ထွက်ခဲ့ပြီး လစ်ဘရယ်များကြားတွင် အကွဲအပြဲများကို ဖြစ်ပေါ်စေခဲ့ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment