ရွှေစက်တော် ဘုရားပွဲရာသီတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ မင်းဘူးမြို့နှင့် ဆက်စပ်ဒေသများသို့ လာရောက်သူများပြားနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေစက်တော် ဘုရားပွဲရာသီတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ မင်းဘူးမြို့နှင့် ဆက်စပ်ဒေသများသို့ လာရောက်သူများပြားနိုင်


မင်းဘူး၊ ဇန်နဝါရီ ၇

ယခုနှစ် ရွှေစက်တော်ဘုရားပွဲရာသီတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များအနေဖြင့် မင်းဘူးမြို့နှင့် ဆက်စပ်နေသည့် အထင်ကရ နေရာများသို့ လာရောက်လေ့လာလည်ပတ်သူ များပြားနိုင်ကြောင်း ရွှေစက်တော်ဘုရားပွဲတော် ကျင်းပနိုင်ရေးကော်မတီထံမှ သိရသည်။

“မန်းရွှေစက်တော် ဘုရားပွဲကို နွေရာသီ ရုံးပိတ်ရက်တွေမှာဆို ကျွန်တော်တို့ အောက်ပြည် အောက်ရွာကနေ အတော်လေး သွားကြတာများပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာ အစစ်ဖြစ်နေတော့ပိုပြီး စိတ်ဝင်စားမှု များတယ်လို့ထင်ပါတယ်။ ရွှေစက်တော် ဘုရားပွဲက မကွေးမြသလွန်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းရွှေစက်တော် ပါဒစေတီတော်၊ စကုမြို့မှ တန်ခိုးကြီးဘုရားများ၊ အထင်ကရနေရာများနှင့် စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားများနှင့် ခရီးစဉ်က တဆက်တစပ်တည်း ဖြစ်နေတော့ ခရီးသွားဧည့်သည်တွေအတွက်လည်း စိတ်ဝင်စားမှုရှိပြီး အသွားများကြတာပါ” ဟု ရွှေတောင်မြို့မှ ခရီးသွားတစ်ဦးက ပြောသည်။

မန်းရွှေစက်တော် ဘုရားပွဲကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ဧပြီလ ၁၇ ရက်၊ ၁၃၈၆ ခုနှစ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ၇၅ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ခရီးသွားပြည်သူများ အဆင်ပြေပြေ ဖူးမြော်နိုင်ရန် တည်းကျောင်းပေါင်း ၆၀၀ ကျော်၊ ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော် ဆောက်လုပ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။

“ရွှေစက်တော် ဘုရားပွဲတော်ရာသီမှာ ရာသီဥတုကလည်းသာယာ လမ်းခရီးကလည်းကောင်းမွန်ပြီး၊ ခရီးစဉ်က တဆက်တစပ်တည်း ဖြစ်နေတာမို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အပန်းဖြေလေ့လာ ခရီးထွက်လိုသူများ စိတ်ချမ်းမြေ့စရာကောင်းလှသော ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါတယ်” ဟု ရွှေစက်တော် ဂေါပကဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။


ဇေယျာနိုင်(ရွှေကန်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)