သရက်မြို့၌ သတ္တဌာနဘုရားကြီး၏ (၁၃၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ သတ္တဌာနဘုရားကြီး၏ (၁၃၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပ




သရက်၊ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သတ္တဌာနဘုရားကြီး၏ (၁၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲနှင့်ဗုဒ္ဓဘိသေက အနေကဇာတင် လှူပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့က သတ္တဌာနဘုရားကြီး မြတ်စွယ်တော်တိုက်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ပြီး ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်ပူဇော်သော ရွှေစေတီမှ ဗုဒ္ဓဘိသေက အနေကဇာတင်လှူမည့် ပလ္လင်ထက်သို့ ပင့်ဆောင်ပြီး သတ္တဌာန ဘုရားကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများက ဗုဒ္ဓမြတ်စွယ်တော်နှင့် ဘုရာကြီးပရဝုဏ်အတွင်းရှိ စေတီပုထိုးရုပ်ပွားတော် ဆင်းတုတော်များအား ဗုဒ္ဓဘိသေက အနေကဇာတင် ပေးခဲ့ကြသည်။

ထို့နောက် ဩဝါဒစရိယဆရာတော်မြခဲတောင် ကျောင်းတိုက်ဆရာတော်ထံမှ ကိုးပါးသီခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့ပြီး ဆရာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ မြခဲ့တောင်ကျောင်း တိုက်ဆရာဦတော်ထံမှ အနုမောတနာတရာ နာယူဆောက်တည်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး  ‌ဗုဒ္ဓမြတ်စွယ်တော်ကို နေ့စဉ်အပူဇော်ခံမည့် ကျောင်းဆောင်သို့ ပင့်ဆောင်ပြီး ဆရာတော်များက ဇယံတော ဗောဓိယာမူလေအစချီသော အောင်ဂါထာများ ရွတ်ဖတ်ပူဇော်ပေးခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဋတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးစီးကြောင်း သိရသည်။


ဇော်ထက်(သရက်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)