ပင်းတယ၊ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်တယမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပင်းတယမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်က အဖွင့်အမှာစကားပြောကြားရာတွင် “ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍတွင် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်ထွန်းလာရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသားမိဘများ အနေဖြင့်လည်း ဆရာ/ဆရာမများနှင့် ပူးပေါင်းကာသားသမီးများ ကျောင်းနေမြဲ၍ ကျန်းမာပျော်ရွှင်စေရေးအလေးထား ဆောင်ရွက်ကြစေလိုကြောင်းနှင့် နိုင်ငံနှင့်လူမျိုးက အားကိုးအားထားပြုရသော နိုင်ငံသားကောင်းများ ပေါ်ထွန်းလာ ရေးဝိုင်းဝန်း ကြိုးစားဆောင်ရွက်နိုင်ကြပါစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးသင် ဆရာ/ဆရာများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ရိုးရာတေးသီချင်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment