မကွေး၊ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ကလေးပြပွဲ၊ ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန အဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါက်တာကြည်သာဆွေမှ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြပွဲ၊ ပြိုင်ပွဲတွင် အမှတ်ပေးစည်းမျဉ်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသောကလေးပြပွဲ၊ ပြိုင်ပွဲများတွင် စံပြမိခင်၊ ကလေးများကို မွေးစမှ(၆)လအထိ၊ ၆လမှ၁၂လအထိ၊ ၁၂လမှ(၁၈)လအထိ၊ ၁၈လမှ(၂၄)လအထိ၊ မွေးစမှ၂၄လအမွှာ၊ စံပြမိခင်ဆုရရှိကြသည်ကလေးများနှင့် မိခင်တို့အား ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆု စုစုပေါင်း(၂၄)ဆုချီးမြှင့်ခြင်းနှင့် ပါဝင်ယှဉ်ပြိုင်ကြသည့်ကလေး၊ မိခင်များအား အာဟာရပစ္စည်းများ လက်ဆောင်ပေးအပ်ခြင်းနှင့် ပြိုင်ပွဲဝင်ကလေးများအား ကျန်းမာရေးအကဲဖြတ် စစ်ဆေးပေးသောဆရာဝန်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။
ဝင်းအိမွန်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment