တောင်ငူမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ







တောင်ငူ ဇန်နဝါရီ  ၂ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မိုင်ဒါကွင်း၌ ဇန်နဝါရီလ(၂) ရက်နေ့၊ မွန်းလွှဲပိုင်းအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများနှင့် စျေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် မြို့မိမြို့ဖ ဦးကျော်စိုးမိုးတို့က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ထို့နောက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် (၂) ဦးယဥ်ဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်မြင့်နိုင်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားတက်ရောက်လာကြသူများ နှင့် အတူ ဌာနဆိုင်ရာပြခန်းများ၊​အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှုအားပေးသည်။

တောင်ငူမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအဖြစ် ဘောလီဘော်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ ဘဲဖမ်းပြိုင်ပွဲ၊ ရိုးရာခြင်းအလှခတ်၊ စက်ဘီးအပျော်စီးပွဲတော်၊ မိုက်ခရိုမာရသွန်ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတို့ကို ကျင်းပလျက်ရှိပြီး ဌာနဆိုင်ရာပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကြီးကို ဇန်နဝါရီ  (၂)ရက်နေ့မှ(၇)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။


တင်စိုး(ပဲခူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)