၀ဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးဘောလုံးကွင်း(၂)အနီးရှိ ရေလှောင်ကန်(၂)ကန်ကြားရှိ‌ ရေဘားချိန်းကန်အတွင်း ကလေးငယ် တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၀ဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးဘောလုံးကွင်း(၂)အနီးရှိ ရေလှောင်ကန်(၂)ကန်ကြားရှိ‌ ရေဘားချိန်းကန်အတွင်း ကလေးငယ် တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ


နေပြည်တော်၊ ဇန်နဝါရီ ၂

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးဘောလုံးကွင်း(၂)အနီးရှိ ရေလှောင်ကန်(၂)ကန်ကြားရှိ‌ ရေဘားချိန်းသည့်ကန်၊ အတွင်းယောက်ျားလေး(၁)ဦး၊ မှောက်လျက်သေဆုံနေသည်ကို ယနေ့ ၁၂ ၃၀အချိန့်တွင် တွေ့ရှိခဲ့သည်။

တာဝန်ရှိသူများ က သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့သွားရောက်စစ်ဆေးရာ အလျား(၁၂)ပေခန့်၊ အနံ(၈)ပေခန့်၊ ရေကန်အနက်(၇)ပေခန့်၊ ရေအနက်(၅)ပေခန့်‌ ရေဘားချိန်ကန်အတွင်း၌ အမည်မသိ၊အသက်(၈)ခန့်၊ Speedilyစာတန်းပါ အဝါတီရှပ်လက်ရှည်အကျီဝတ်၊ ဘောင်းဘီမပါယောက်ျားလေး(၁)ဦးအား ရေကန်အတွင်း မှောက်လျှက်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ရေကန်အတွင်းမှ ဆယ်ယူပြီးအသေးစိတ်စစ်ဆေးကြည့်ရှုခဲ့ရာ ပြင်ပဒဏ်ရာ မတွေ့ရှိ၊ ခြေချောင်း/လက်ချောင်းများအရေတွန့်/ပြာနှမ်း၊ ဝမ်းဗိုက်ဖောင်း၊ ခန္ဓာကိုယ်ဖောင်းကားလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်နှင့် မည်သူ/မည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးလျှက်ရှိပြီး အလောင်းအားစစ်ဆေးရန် ရဲဆေးစာဖြင့် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ လူမှုကူညီ‌ ရေးအသင်းယာဉ်ဖြင့်ပို့ဆောင်ထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)