ဒလမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ကျင်းပ



ဒလ၊ ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သီရိဇေယျအနော်ရထာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နုနုထွေးက ကလေးပြိုင်ပွဲနှင့် ပတ်သက်သည့်အချက်အလတ်များအားရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်း၀င်းမှ ပြိုင်ပွဲ၏အမှတ်ပေးစည်းကမ်း(၁၁)ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် မွေးကင်းစမှ ခြောက်လအထိ၊ ခြောက်လမှတစ်နှစ်အထိ၊ တစ်နှစ်မှ တစ်နှစ်ခွဲအထိ၊ ကလေးအမွှာမွေးဖွားသူ၊ သားကောင်းမိခင်ဆုစသော ပြိုင်ပွဲ၀င်(၂၀)ဦးကို အမျိုးအစား ၅ မျိုးခွဲခြားပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို တာ၀န်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြပြီး အကဲဖြတ်ဒိုင်များကိုလည်းအမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲ၀င်မိသားစုများ စုစုပေါင်းအင်အား(၁၀၀)ဦးတက်ရောက်ခဲ့ကြသည်။


ခင်စန္ဒာမြင့် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)