(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဒေသထွက်ထုတ်ကုန်ပစ္စည်းများအား ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဒေသထွက်ထုတ်ကုန်ပစ္စည်းများအား ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



မြစ်ကြီးနား၊ ဇန်နဝါရီ ၂

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို မြစ်ကြီးနားမြို့၌ အဖွင့်မနောအက၊ အပိတ်မနောအက၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းပြခန်းများဖြင့် အထိမ်းအမှတ်နေ့ဖွင့်ပွဲအခမ်းအနားများဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်း အနားကို ယခင်နှစ်များနည်းတူ ပြည်နယ်နေ့၏ အနှစ်သာရနှင့်အညီ ရိုးရာမပျက် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် ကြိုတင်စီမံ ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များအပေါ် အလေးအနက်ထား ဆောင်ရွက်ထားကြရန် လိုအပ်သကဲ့ သို့ အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင်လည်း အစီအစဉ်များအလိုက်၊ လိုအပ်ချက်များမရှိအောင် စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး၊ အခမ်းအနားကျင်းပပြုလုပ်ရာတွင်လည်း နွေးထွေးပျူငှာစွာ ကြိုဆို၍ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက် များ၊ အခက်အခဲများရှိပါက ကြိုတင်တင်ပြဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက (၇၇)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများနှင့်စပ်လျဉ်း၍ ဖြည့်စွက်အတည်ပြုဆွေးနွေးဆောင် ရွက်ပေးရမည့်အစီအစဉ်များနှင့် အစီအစဉ်များအလိုက် ပြင်ဆင်ဆောင်ရွက်ထားရမည့် ကိစ္စရပ်များ ကို တင်ပြဆွေးနွေးကြသည်။

ထို့နောက် ဆပ်ကော်မတီအလိုက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရိုးရာယဉ် ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများက ပြည်နယ်နေ့အထိမ်းအမှတ် ဧရာဝတီရှုခင်းသာ အပန်းဖြေ စခန်းနှင့် ယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲအခမ်းအနားများ၊ မနောအက (အဖွင့်နှင့် အပိတ်)အတွက် ရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများဖြင့် စုစုပေါင်း လူဦးရေ (၆၀၀)ကျော်ဖြင့် ဆင်နွှဲသွားမည့် အစီ အစဉ်များ၊ ဒေသထွက်ကုန်ပစ္စည်းပြခန်းများနှင့် ဒေသထွက်သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲများ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဂုဏ်ထူးဆောင်လက်မှတ်၊ ဆုတံဆိပ်နှင့် ဆုပစ္စည်းများ ချီးမြှင့် အပ်နှင်းသွားမည့် အစီအစဉ်များ၊ မြစ်ကြီးနားတက္ကသိုလ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စသည့် ရက်အလိုက် ဆောင်ရွက်သွားမည့် အခမ်းအနားအစီအစဉ်များအပေါ် ကြိုတင်စီစဉ်ဆောင်ရွက်ထား ရှိမှုများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်သုံးသပ်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထား ရှိမှုများအပေါ် ဆပ်ကော်မတီအချင်းချင်း အချိတ်အဆက်မိမိဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာငွေ လိုအပ်ချက်အပေါ် စိစစ်တင်ပြနိုင်ရေးနှင့် အခမ်းအနားအောင်မြင်စွာဖြင့် အေးချမ်းလုံခြုံ စွာကျင်းပပြုလုပ်နိုင်‌ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသတွင်း MSME လုပ်ငန်းရှင်များနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် ဒေသထွက်ထုတ်ကုန်ပစ္စည်းများအား သွားရောက်ခင်းကျင်း ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ယခင်နှစ်များနည်းတူ MSME ထုတ်ကုန်ပြပွဲကို (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အပြင် ယခုနှစ်တွင် ပြိုင်ပွဲအဖြစ် MSME လုပ်ငန်းများ နှင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု(OROP) ထုတ်ကုန်လုပ်ငန်းများကို သီးခြားဆုများအဖြစ် ချီးမြှင့်ပေး အပ်သွားမည်ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်နိုင် ရေး၊ ဆုများရရှိနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိရမည့်အချက်များနှင့် ပံ့ပိုးပေးရမည့် အချက်များကို ဆွေးနွေးပေးစေလိုပါကြောင်း၊ ယခုနှစ်ပြပွဲကို ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ရမည်သာမက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ထုတ်ကုန်များ၊ တီထွင်ဆန်းသစ်များကို လေ့လာနိုင်မည်ဖြစ်ပြီး ဈေးကွက်အချိတ်အဆက်နှင့် အရည်အသွေးမြှင့် ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ချိတ်ဆက်သိရှိနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယခင်နှစ် ပြပွဲအတွေ့ အကြုံအပေါ် ယခုနှစ်အတွက် ပြင်ဆင်ဆောင်ရွက်သွားရမည့် အစီအစဉ်များနှင့် ပြပွဲခင်းကျင်းပြသ နိုင်ရေး ဦးစီးကော်မတီပြင်ဆင်ဖွဲ့စည်းရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြပွဲခင်းကျင်းပြသသွားရမည့်အစီအစဉ်များ၊ ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမည့် လုပ်ငန်းရှင်များနှင့် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများ၊ ပြိုင်ပွဲအတွက် ဒေသထွက်ပစ္စည်းများ ရွေးချယ်ပြသဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် MSME လုပ်ငန်းရှင်များက ပြပွဲပြင်ဆင်ပြသနိုင်‌ရေး ကြိုတင် စီစဉ်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များနှင့် ယခင်နှစ်အတွေ့အကြုံများအပေါ် လိုအပ်ချက်၊ အခက်အခဲများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)