အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောနေထွန်းကို အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောနေထွန်းကို အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်

 


မန္တလေး၊ ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု၊ ရန်ကင်းရပ်၊ စစ်ကိုင်း- မြစ်ငယ်ဒွေးလမ်းဘေး၊ ဂျက်ဝမ်းအရက်ရောင်းဝယ်ရေးဆိုင်ရှေ့၌ ၁-၁-၂၀၂၄ ရက်နေ့ ၁၈:၁၅ အချိန်ခန့်တွင် မြစ်ငယ်မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောနေထွန်းအား အကြမ်းဖက်သမားက ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဦးစောနေထွန်း သည် လမ်းဖြတ်ကူးစဉ် CZI အနက်ရောင်ဆိုင်ကယ်ပေါ်မှ  MASK တပ်ထားသော အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဦးစောနေထွန်းတွင် ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်ရရှိခဲ့ကာ အခင်းဖြစ်နေရာမှ A USA 9MM LUGER ငွေရာင်ကျည်ခွံ ၁ခု တွေ့ရှိခဲ့ကြောင်း၊သေနတ်ထိမှန်ဒဏ်ရာရရှိသူ ဦးစောနေထွန်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် (၂၀ ၁၅) အချိန်၌ ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)