ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကြောင့် လမ်းမှားရောက်ခဲ့ရသူများကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က ပြန်လည်ဖိတ်ခေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကြောင့် လမ်းမှားရောက်ခဲ့ရသူများကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က ပြန်လည်ဖိတ်ခေါ်


နေပြည်တော်၊ ဇန်နဝါရီ ၃

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ က အကြောင်းအမျိုးမျိုးကြောင့်နေရာဒေသအသီးသီးသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်သည့် သတင်းထုတ်ပြန်ချက် ကို ယနေ့ ၃-၁-၂၀၂၅ ရက်စွဲဖြင့် ထပ်မံ ထုတ်ပြန်ထားသည်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကြောင့် လမ်းမှားရောက်ခဲ့ရသူများကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က ပြန်လည်ဖိတ်ခေါ်သည့် ထုတ်ပြန်ချက်တွင် တပ်မတော်က နိုင်ငံတော်တာဝန်ကိုလွှဲပြောင်းရယူခဲ့ရသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ DCS လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊  အဖွဲ့အစည်းများ၏သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့ သောကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၊  နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာများနှင့်   ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း၊ ၎င်းတို့အနေဖြင့် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ ထုတ်ပြန်ခဲ့သည့်အာဏာရှင်ဆန်သည့်ထုတ်ပြန်ချက်၊ပြောကြားချက် တို့အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီးရောက်ရှိရာနေရာများ၌လည်း  လုံခြုံရေးအာမခံချက်မရှိမှု၊  လူမှုစီးပွားဘဝ အဆင်မပြေခက်ခဲမှုတို့နှင့်ရင်ဆိုင်နေရသဖြင့် မိမိတို့နေရပ်ဒေသအသီးသီးသို့ ပြန်လာလို သည့်ဆန္ဒများဖြစ်ပေါ်နေသည်ကို သတင်းရရှိပါသည်။

ယခုဖြစ်စဉ်ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်း ဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊  ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက် အဦများအားဖျက်ဆီးမှု၊ (DCS) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊  အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့်ထွက်ပြေးတိမ်းရှောင် နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်အထူးသက်ညှာစွာဖြေလျော့ ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

မိမိနေရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေရသူများသည်လည်း မိမိတို့နိုင်ငံသားများဖြစ်သော ကြောင့် ၎င်းတို့အနေဖြင့် တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက   စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နေရပ်ဒေသအသီးသီးသို့ အကြောင်းအရာတစ်မျိုးမျိုး ဖြင့် ပြစ်မှုကျူးလွန်ထားသူများမှ အပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင် နေရသူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ပေးမှုများနှင့်အညီ ပြန်လည် ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊  ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီများနှင့်  ပြည်ပ ရောက်နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့  ဆက်သွယ် ဆောင်ရွက်နိုင်ပါရန်  သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)