ပြင်ဦးလွင်မြို့တွင် သစ်လွင်သားဖွားများအား တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် သစ်လွင်သားဖွားများအား တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကျင်းပ







ပြင်ဦးလွင်၊ ဇန်နဝါရီ  ၁၆   

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)၏ နဝမအကြိမ် သစ်လွင်သားဖွားများအား တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းချမ်းမှ  သင်တန်းတက်ရောက်စဉ် ကာလပတ်လုံး ကျောင်းတော်ကြီးက  သင်ကြားပေးလိုက်တဲ့ စာတွေ့လက်တွေ့လေ့လာသင်ယူခဲ့သည့်နေရာများမှ ရရှိလာတဲ့သင်ခန်းစာတွေကို လုပ်ငန်းခွင်ဝင်ကြတဲ့အခါမှာ ပြည်သူတွေအတွက် အကျိုးရှိအောင် အသုံးချပေးကြစေလိုကြောင်း၊ အမိကျောင်းတော်ကြီးမှ သင်ကြားပေးလိုက်တဲ့ စာတွေ့လက်တွေ့ ပညာရပ်များသည် အခြေခံသဘောမျှသာဖြစ်ပြီး မိမိတို့အနေဖြင့် လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ရင်း ထပ်မံဖတ်ရှုလေ့လာရရှိသည့် အတွေ့အကြုံများနှင့်ပေါင်းစပ်၍ စဉ်ဆက်မပြတ် တိုးတက်အောင် ကြိုးစားလုပ်ဆောင်ကြရမှာဖြစ်ပါကြောင်း တစ်ဦးချင်းစီ၏ ခံယူမှတ်သားမှု၊ လိုက်နာကျင့်သုံးမှု၊ ကိုယ်ကျင့်တရားစောင့်ထိန်းမှု၊ ကြိုးစားအားထုတ်မှု အရည်အသွေးများပေါ်မူတည်ပြီး အောင်မြင်မှုနှင့် အခွင့်အလမ်းများ ကွာခြားသွားပါလိမ့်မည်ဖြစ်ကြောင်း၊ သူနာပြုသားဖွားဆရာမ အသီးသီး၏ ထူးခြားသည့် ဝိသေသအရ မိမိတို့အဆင့်နှင့်လျော်ညီစွာ  ကျွမ်းကျင်မှုအဆင့်အတန်းကိုရအောင် စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေရန် လိုအပ်ပါကြောင်း  ဆုံးမဩဝါဒစကားမြွက်ကြားပြီး တာဝန်ရှိသူများက သစ်လွင်သားဖွားဆရာမ (၂၄)ဦးအား  ခန့်အပ် လွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။  

ဆက်လက်ပြီး  သစ်လွင်သားဖွားဆရာမများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သစ်လွင်သားဖွားဆရာမများက မှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား  အကျွေးအမွေးဖြင့်ဧည့်ခံခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)