မြစ်ကြီးနား၊ ဇန်နဝါရီ ၁၆
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း ဒေသတွင်း စားဆီဖူလုံရေးအတွက် သီးထပ် စိုက်စွမ်းအား တိုးမြှင့်နိုင်ရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ဆီမုန်ညှင်းစိုက်ခင်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင် ရွက်သော ကျေးရွာများမှ တောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ယခင်နှစ်က သိန်း ၁၀၀၀၀ ကျော် မတည်ပေးနိုင်ခဲ့ပြီး အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့အတွက် ယခုနှစ်တွင် သိန်း ၂၀၀၀၀ ကျော်ထပ်တိုး မတည်ပေးထားပါ ကြောင်း၊ ထို့သို့ အားလုံး၏ ကြိုးစားမှုဖြင့် ယခုနှစ်တွင် ဆန်ရိက္ခာ ရာနှုန်းပြည့်ကျော်လွန်အောင် ဖူလုံ လာခဲ့ပါကြောင်း၊ ယခုနှစ်မှစတင်၍ ဒေသတွင်း စားဆီဖူလုံစေရေး အတူတကွကြိုးပမ်းဆောင်ရွက်ကြ ရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ ဆီထွက်သီးနှံအတွက် လိုအပ်သည့် ကူညီမှုများကို လည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် ခွဲဝေလည်ပတ်ဆောင်ရွက် လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း အခြေအနေများ၊ ထပ်မံတင်ပြတောင်းဆို ထားသည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆန်ဖူလုံမှုအထိမ်း အမှတ် မနောပွဲတွင် ပါဝင်ခဲ့ကြသည့် ရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ချီးမြှင့်ငွေများနှင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သည့် တောင်သူများအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် အစေ့ထုတ်ပြောင်း မျိုးစေ့အိတ်များကို ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ AG ဘုရားကျောင်း၌ ဂျူဗလီ၊ ဇီးအွန်၊ မူလာအွမ်၊ လမ်းတောင်၊ ဆားရ်ခွမ်ဒမ်းကျေးရွာများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ပျိုးကြသည့် တောင်သူများနှင့် ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားဆီဖူလုံရေးအတွက် ယခုနှစ်မှစ၍ မိမိတို့အနေဖြင့် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်ကိုလည်း မိမိအားလုံးက ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လိုအပ်ချက်များရှိပါက ကူညီဖြည့်ဆည်းပေးနိုင်ရေး ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တောင်သူများက ကျေးရွာများအလိုက် နိုင်ငံ့စီးပွား မြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ဆီမုန်ညှင်းစိုက်ပျိုးနေမှု အခြေအနေများနှင့် ကျေးရွာများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဂျူဗလီ-ဇီးအွန်ကျေးရွာအုပ်စုသွားလမ်းမှတစ်ဆင့် ပူတာအိုဒေသ၏ ရေခဲတောင်ပေါ်ထွက်လာမှုအား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် မချမ်းဘောမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး မချမ်းဘောမြို့နယ် အင်ဘူးဘော့ ကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ မတည်ငွေကျပ် (၆)သိန်းဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ဆီမုန်ညှင်းစိုက်ခင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆို ပါကျေးရွာအတွင်းရှိ ပိုင်ရှင် ဦးနန့်မွမ်းထင်၏ ခြံဝင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေ ဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ဂရိတ်ဖု၊ ဘုရင်သီး၊ အမေရိကန်သံပုရာနှင့်အတူ ဆီမုန်ညှင်းများ သီးညှပ်အဖြစ် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ထပ်မံကူညီပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါ အင်ဘူးဘော့ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ပိုင်ရှင်ဦးဒီယိုဆဲ၏ ဂရိတ်ဖုနှင့် ဘုရင်းသီး စသည့် နှစ်ရှည်သီးပင်များ စိုက်ပျိုးရေးခြံအတွင်း သီးညှပ်အဖြစ် ဆီမုန်ညှင်းနှင့် ပန်းအားလူပင်များ တွဲဖက် စိုက်ပျိုးထားရှိမှု၊ ဒေသကြက်များ မွေးမြူထားရှိမှုကိုလည်းကောင်း၊ ပိုင်ရှင်ဦးတူးကျိုင်၏ ခြံဝင်း အတွင်း၌လည်း ဆီမုန်ညှင်းများ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ပိုင်ရှင်ကရူးတူးအောင်၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံဝင်းအတွင်း ဂရိတ်ဖု၊ ကော်ဖီ စသည့် နှစ်ရှည်သစ်သီးပင်များနှင့် ဆီမုန် ညှင်း၊ ဒေသကြက်နှင့် ဝက်များ မွေးမြူထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ လျှပ်စစ်မီးအတွက် ဆိုလာတပ်ဆင်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သည့် တိရစ္ဆာန်အထောက်အကူပြု ဆေးဝါးများနှင့် စွမ်းအား ဖြည့် ရောစပ်အစာအိတ်များကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပူတာအိုမြို့နယ် ထဝါဒမ်းကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယစက်ဝန်းမှ မတည်ငွေကျပ် (၃၅)သန်းဖြင့် ဒေသဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် နေအိမ်ခြံဝင်းအတွင်း ဒေသဝက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သည့် တိရစ္ဆာန်အထောက်အကူပြုဆေးဝါးများနှင့် စွမ်းအား ဖြည့်ရောစပ်အစာအိတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပူတာအိုမြို့နယ်အတွင်းရှိ ပူတာအိုနှင့် မချမ်းဘောမြို့နယ်များအား လျှပ်စစ်မီး လင်းရေးအတွက် ထုတ်လွှင့်ပေးလျက်ရှိသည့် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံသို့ သွားရောက် ပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်၊ တာဝန်ရှိသူများနှင့်အတူ နမ့်ထွမ်ချောင်းရေမှ တစ်ဆင့် (၈၀၀)ကီလိုဝပ် စက်ကြီးများဖြင့် ရေအားလျှပ်စစ် လည်ပတ်ထုတ်လုပ်နေမှု အခြေအနေ များ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် နမ့်ထွမ်ချောင်း ချောင်းရေစီးဆင်းမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment