ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး




ပန်းတောင်း၊ ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါ၍ ရှေးဦးစွာ ခြေလျင်တပ်ရင်း (၉၂) အတွင်းရှိ ယာယီနေရပ်စွန့်ခွာကာရောက်ရှိနေသော တပ်ဖွဲ့ဝင်မိသားစုများအား အိမ်ထောင်စု (၁၆၇) စုအတွက် တစ်အိမ်ထောင်လျှင် (၂) သိန်းစီ၊ တပ်တွင်းမိသားစုအိမ်ထောင်စု (၅၂) စုအတွက် ဆီ (၂) ပိသာစီနှင့် ကျောင်းနေအရွယ်ကလေးများအတွက် ကျောင်းသုံးပစ္စည်းများအား ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် သူရဲတန်းအုပ်စု၊ သူရဲတန်းကျေးရွာရှိ သူရဲတန်းမြစ်ရေတင်လုပ်ငန်း ရေစတင်ပေးဝေနေမှုအခြေအနေနှင့် သူရဲတန်းချောင်းနံဘေးရှိ မြေနုကျွန်းပေါ်တွင် တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးထားသော မြေပဲဧက (၄၀၀) အောင်မြင်ဖြစ်ထွန်းမှုအခြေအနေ၊ သူရဲတန်းအုပ်စု၊ ပုသိမ်-မုံရွာကားလမ်းမှ ကျားကိုက်- သူရဲတန်း- ညောင်ဝိုင်း- ချင်းကုန်း- ကျောင်းကုန်းလမ်း (၁) မိုင် ကွန်ကရက်ခင်းခြင်းလုပ်ငန်းနှင့် ပဲကြီးကျေးရွာအုပ်စု၊ ဇီးကုန်းချောင်းအနီးရှိ နှစ်ပေါင်း (၄၀) ခန့် လုံးဝမစိုက်ပျိုးနိုင်သော မြေဧက (၇၀) အနက် လယ်မြေအဖြစ်ဖော်ထုတ်ရန်ကျန်ရှိသည့် ဧက (၄၀) ဖော်ထုတ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


လပြည့်လင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)