ဂွာဒီယိုလာရဲ့ ကတ္တီပါလမ်းခွဲ နောက်ဆုံးကောက်ရိုးမျှင်လေးကို မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွာဒီယိုလာရဲ့ ကတ္တီပါလမ်းခွဲ နောက်ဆုံးကောက်ရိုးမျှင်လေးကို မျှော်လင့်



ဇန်နဝါရီ - ၁၆ ( ကြာသပတေးနေ့ ) 

မန်စီးတီးအသင်း မန်နေဂျာကြီး ပတ်ဂွာဒီယိုလာရဲ့ဆုံးဖြတ်ချက်ကြောင့် နှစ် ၃၀ ကြာလက်တွဲခဲ့တဲ့ ဇနီးဖြစ်သူ ခရစ္စတီးနား ဆာရာ စိတ်မကောင်းဖြစ်ခဲ့ရပြီး သူမအတွက် နောက်ဆုံးကောက်ရိုးမျှင်လေးတစ်ခု ရှိရင်တောင် မျှော်လင့်ချက်ကို ဆုတ်ကိုင်ထားချင်ပါတယ်လို့ ဆိုလာပါတယ်။ 

“သူက သူ့ဘဝကို မန်စီတီးအသင်းထဲမှာပဲ မြုတ်နှံထားတယ်။ ကျမဖို့နည်းနည်းလေးတောင် အချိန်မရှိဘူး ဖြစ်နေတယ်။ ကျမ အရင်လိုဘဝမျိုးကိုပဲ ပြန်လိုချင်တယ်။ အခုကျမ ဘာစီလိုနာက အိမ်မှာပြန်နေရတယ်။ ဘာပဲဖြစ်ဖြစ် ယူကေကနေ ကျမဆီကိုပြန်လာမယ့်အချိန်ကို မျှော်နေပါတယ်” လို့ ခရစ္စတီးနားက ဆိုပါတယ်။ 

စပိန်သားကြီး ဂွာဒီယိုလာက မန်စီတီးမှာ ၂၀၂၇ အထိ မန်နေဂျာဖြစ်ခွင့်ရသွားပါပြီ။ သူတို့ဇနီမောင်နှံရဲ့ ကတ္တီပါလမ်းခွဲ သတင်းကို ပြီးခဲ့တဲ့ အပတ်က စပိန်သတင်းထောက်တစ်ယောက်က စပြီးဖောက်ချလိုက်တာပါ။ ဂွာဒီယိုလာရဲ့ မန်စီတီးဘော့စ် သက်တမ်းက မနှစ်ကကုန်သွားပြီဖြစ်ပေမဲ့ နိုဝင်ဘာလအတွင်းမှာ သက်တမ်း၂ နှစ်ဆက်တိုးခွင့်ရလိုက်ပါတယ်။ အဲ့ဒိမှာ အလုပ်ထဲကို အာရုံစိုက်နိုင်ဖို့ မန်ချက်စတာမြို့က အိမ်မှာ အပြည့်အဝနေထိုင် ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ခရစ္စတီးနာကလည်း စပိန်က သူမရဲ့ အလုပ်တွေကို ပစ်ပြီး ဂွာဒီယိုလာနဲ့ လိုက်နေရတာက ပြဿနာဖြစ်လာတော့ စပိန်ကို ပြန်ဖို့ဖြစ်လာရာက သူတို့ရဲ့ အက်ကွဲကြောင်းက ထင်သွားတာပါ။ 

“ပရော်ဖက်ရှင်နယ်လုပ်ငန်းဆိုတာ ကျမသိပါတယ်။ ဒါပေမဲ့ အဲ့လောက်ကြီး အာရုံစိုက်လွန်းတော့ ကျမအတွက် ကျမ ပြန်စဉ်းစားရတော့တာပါပဲ။ ဒါကြောင့် မနှစ်က စက်တင်ဘာလကတည်းက ကျမ မန်ချက်စတာကနေ စွန့်ခွာခဲ့တာပါ။ နွေရာသီအားလပ်ရက်တောင်မှ သူကကျမအတွက် အချိန်မပေးနိုင်ဘူးဖြစ်နေတယ်လေ” လို့ သူမကဆိုပါတယ်။ 

“ကျမတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ သူ့အကြောင်းပြောကြပါတယ်။ သူက ဘောလုံးကိုစွဲလမ်းလွန်း အားကြီးနေတယ်။ အရာအားလုံးထက်ရှေ့ကိုရောက်နေတယ်။ သူ့အတွက် အိမ်ထောင်ရေးက အနှောက်အယှက် ဖြစ်သွားပြီ ထင်တယ်။ သူစိတ်ပြန်လည်လာနိုင်ပါစေ လို့ပဲ ဆုတောင်းရတော့မှာပါ” လို့ ဆိုပါတယ်။ 

“သူ ကျမဆီကို ပြန်လာနိုင်မယ်လို့ မျှော်လင်ပါတယ်။ ကျမတို့ကြားမှာ တတိယလူ ဆိုတာမရှိပါဘူး။ ကျမတို့က ဖောက်ပြန်တတ်တယ်လူတွေ မဟုတ်ပါဘူး။ ကျမ မန်ချက်စတာကနေ ပြန်တဲ့ နေ့တုန်းက သူက ဘောလုံးကွင်းနမူနာပုံစံလေးကို ကြည့်နေတယ်။ ကျမကို ရှော့ပင်ထွက်တယ်များ အောင့်မေ့နေလားမသိဘူး။ တစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူးရယ်။ အဲ့ဒါတွေကို ခံစားရတာပါ” လို့ ခရစ္စတီနား က ညည်းပြော ပြောသွားပါတယ်။ 


REF - daily mail

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)