ဘားအံ၊ ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာမှုနှင့်အတူ မီးလောင်မှုများလည်း ဒေသအနှံ့အပြား၌ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ကရင် ပြည်နယ် ဘားအံမြို့နယ်တွင်ဈေးမီးလောင်မှု မဖြစ်ပွားစေရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဈေးမီးငြှိမ်းသတ်ရေး သဏ္ဍာာန်တူ ဇာတ်တိုက်လေ့ကျင်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့နယ် မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင့် သိရသည်။
ထိုသို့သဏ္ဌာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် ပြည်သူတို့၏ အရင်းအနှီးများ စုစည်းထားရှိသည့် နေရာ၊ ကုန်စည်များ လည်ပတ်စီးဆင်းရာနေရာဖြစ်သည့် ဈေးများတွင် မီးလောင်မှုဖြစ်ပွားပါက ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ခြင်းကိုမီးသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ တပ်ဖွဲ့ဝင်အင်အား(၄၀)နှင့်အတူ စည်ပင် သာယာရေးဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်းများကို သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ကျော်က တပ်ဖွဲ့ဝင်များအားသင့်(၄)သင့်ရှိရေး၊ မြန်(၃)မြန်ဖြစ်ရေး အလေးပေးဆောင်ရွက်သွားရန်နှင့် စခန်းအလိုက်အရေးပေါ် ခေါ်ဆိုနိုင်ရေးထားရှိသော 191 ဖုန်းအား ပြည်သူလူထုအားလုံး သိရှိစေရေးအတွက် အလေးထားဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment