ဟောလီးဝုဒ် အော်စကာဆုပေးပွဲကို မတ် ၂ ရက်နေ့ထိ ရက်ရွေ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟောလီးဝုဒ် အော်စကာဆုပေးပွဲကို မတ် ၂ ရက်နေ့ထိ ရက်ရွေ့


ဇန်နဝါရီ - ၁၆ ( ကြာသပတေးနေ့ ) 

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်တွင် တောမီးများ ပြင်းထန်စွာ လောင်ကျွမ်းနေသော်လည်း ၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ဟောလီးဝုဒ် သတင်းထောက် မဂ္ဂဇင်းက ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီမှ အကြီးတန်းပုဂ္ဂိုလ်များရဲ့ ပြောကြားချက်ကို ကိုးကား၍ ရေးသားခဲ့ပါတယ်။ 

အကယ်ဒမီ စီအီးအို ဘီလ်ကရာမာ နဲ့ ဥက္ကဋ္ဌ ဂျေနက်ယန် တို့က ဇန်နဝါရီ ၁၇ ရက်နဲ့ ၁၉ ရက်မှာ အော်စကာ လျာထားစာရင်းများ ကြေညာဖို့ စီစဉ်ထားတာကို ဇန်နဝါရီ ၂၃ ရက်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ ပါတယ်။  ၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲကို မတ်လ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ၎င်းတို့က အတည်ပြုခဲ့ပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သည့် တောမီးသည် ကျယ်ကျယ်ပြန့်ပြန့် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် မြေဧက ၄၀၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူ ၂၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ အဆောက်အအုံပေါင်း ၁၂၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူနေရပ်ကွက်တစ်ခုလုံး နီးပါး ပျက်စီးသွားခဲ့ပါတယ်။

အဲ့ဒိကြေညာချက်ထွက်လာရတဲ့ အကြောင်းရင်းက အထင်ကရ ဟောလီးဝုဒ် ဆိုင်ဘုတ်ကြီး နဲ့ အနီး မြက်ခင်းပြင်တွေမှာ မီးစွဲလောင်နေတယ်ဆိုတဲ့ ပုံအတုတွေ ထွက်လာတဲ့ အတွက်ကြောင့်ရယ်၊ အော်စကာဆုပေးပွဲ မကျင်းပနိုင်တော့ဘူးဆိုတဲ့ ကောလာဟလတွေ ရယ်ကြောင့်ဖြစ်ပါတယ်။ 

ဗြိတိန်သတင်းစာ The Sun မှာလည်း အော်စကာဆုပေးပွဲ ဖြစ် မဖြစ်က မသေချာတော့ဘူး ဆိုတဲ့ သတင်းတွေ တက်လာတယ်။ အော်စကာဆုရဖို့  နာမည်ကြီးနေတဲ့ တွမ်ဟင့်၊ အန်မာစတုန်း ၊ မီရေးစထရပ် နဲ့ စတီဗင်စပိဘာဂ့်တို့ ရဲ့ အိမ်တွေ မီးထဲပါသွားတာကြောင့် ဆိုပြီး ဖွလိုက်တဲ့ အတွက်လည်းဖြစ်ပါတယ်။ 


REF: RT 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)