ဇန်နဝါရီ - ၁၆ ( ကြာသပတေးနေ့)
ကမ္ဘာ့အချမ်းသာဆုံး သူဌေး အီလွန်မက်စ်က သူ့ရဲ့ X ဆိုရှယ်မီဒီယာ ( ယခင်တွစ်တာ ) အတွက် ဆော့ဝဲလ် အင်ဂျင်နီယာတွေကို အလုပ်ခေါ်နေရာ “ခင်ဗျားတို့တွေ ဆော့ဝဲလ်အင်ဂျင်နီယာလုပ်ငန်းကို စိတ်ဝင်စားမယ်။ ကြိုးစားမယ်။ ပြီးတော့ အပ်ပ် အသစ်တွေကို ဖန်တီးချင်တယ်ဆိုရင် ကျနော့်ကို ဆက်သွယ်လိုက်ပါဗျာ။ ကဲပြောနေကြာပါတယ်၊ ကျနော်တို့ဆီကို ခင်ဗျားရဲ့အကောင်းဆုံး လက်ရာလေးလှမ်းပို့လိုက်ဗျာ” လို့ သူ့ရဲ့ အကောင့်မှာရေးတင်ထားပါတယ်။
“ကျနော်တို့က ခင်ဗျား ဘယ်မှာ ကျောင်းတက်ခဲ့တယ်တယ်ဆိုတာကို ဂရုမစိုက်ပါဘူး။ ကျောင်းမှာ စာဘယ်လောက်တော်ခဲ့တယ် ဆိုကိုလည်း စိတ်မဝင်စားပါဘူး။ နောက်ဆုံး ကုန်ကုန်ပြောမယ်ဗျာ။ ကျောင်းမနေခဲ့ဘူး ဆိုတာတောင်ဂရုမစိုက်ပါဘူး။ ကျနော့်ကုမ္ပဏီမှာ အလုပ်ပေးနိုင်ပါတယ်။ ကျောင်းက စာတွေထက် လုပ်ငန်းအတွေ့အကြုံနဲ့ ကြိုးစားမှုကိုပဲ လိုချင်ပါတယ်ဗျာ” လို့ ရေးတင်ထားပါတယ်။
REF: X
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment