မိတ္ထီလာမြို့နယ်၌ နို့စားနွားမွေးမြူရေး ချေးငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်၌ နို့စားနွားမွေးမြူရေး ချေးငွေများပေးအပ်


မိတ္ထီလာ၊ ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာအုပ်စု သဲကုန်ကျေးရွာ မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်းထံသို့ မြို့နယ်သမဝါယမဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နို့စားနွားမွေးမြူရေးလုပ်ငန်း လျာထားချက်အပေါ် တိုးချဲ့မွေးမြူရေးနိုင်ရေးအတွက် ချေးငွေပေးအပ်ပွဲကို ယမန်နေ့က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ချေးငွေပေးအပ်ပွဲတွင် သဲကုန်ကျေးရွာ မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်း တာဝန်ရှိသူများထံသို့ ဖရီရှန်နို့စားနွား ၂၂ ကောင်မွေးမြူရန် ငွေကျပ် ၄၄ဝ သိန်း၊ နွားခြံဆောက်လုပ်ရန် ငွေကျပ် ၁၂ဝ သိန်းနှင့် နွားစာစာရိတ် ပံ့ပိုးငွေကျပ် ၃၂ သိန်း  စုစုပေါင်း ငွေကျပ် ၅၉၂ သိန်းကျပ်အား မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့်  တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး၊ မြို့နယ်သမဝါယမဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အမှုဆောင်များက ပံ့ပိုးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။   


ချမ်းသာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)