မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးမှ နော်ဝေနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးမှ နော်ဝေနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ


အော်စလို၊ ဇန်နဝါရီ ၂၈

 မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၇-၁-၂၀၂၅ ရက်၊ တနင်္လာနေ့ (၁၀၃၀)နာရီအချိန်တွင် နော်ဝေနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms. Nitivadee Manitkul အား အော်စလိုမြို့ရှိ ထိုင်းနိုင်ငံသံရုံးသို့ သွားရောက် တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီးများသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြား ကာလရှည်ကြာတည်ရှိခဲ့သော ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးမှု ပိုမိုခိုင်မာရေးနှင့် အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 


#MNP #News #Asolo

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)