နယူးဒေလီ၊ ဇန်နဝါရီ ၂၈
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၇-၁-၂၀၂၅ ရက်နေ့၊ ၁၅:၄၅ နာရီ တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရှရီ ပါဘီတြာ မာဂရီတာအား နယူးဒေလီမြို့ရှိ ပြည်ပရေးရာဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ စေရေးနှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#MNP #News #NewDelhi
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment