ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း၊ မိုင်တိုင်အမှတ်(၄၁/ဝ)တွင် ၂၈.၁.၂၀၂၅ ရက်နေ့၊ ၀၉ ၁၀ အချိန် HYUNDAI CITY BUS ခရီးသည်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လက်ပံပျားနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၉ ၄၄ အချိန် မီးငြိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
#MNP #News #Kyaukpataung
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment