ရွှေစာရံစေတီတော်မြတ်ကြီး (၃၃) ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇလသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေစာရံစေတီတော်မြတ်ကြီး (၃၃) ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇလသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ




သထုံ၊ ဇန်နဝါရီ ၁၃

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သ‌ရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများဦးစီး၍ နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် (၃၃) ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇလသုတ်‌တော် ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား ဆရာတော်ကြီးများနှင့် တက်ရောက်လာသူတို့က နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ပရိယတ္တိသဒ္ဓမ္မလင်္ကာရ ဟိတကာရီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသထံမှ ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြကာ တရားတော်မြတ်ကို နာယူတော်မူခဲ့ကြသည်။

ယင်းနောက် ရွှေစာရံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပူ‌ဇော်ပွဲကျင်းပပြုလုပ်ပြီးစီးခဲမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြလျှောက်ထားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက သံဃာတော်များထံ လှူဖွယ်များဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုတို့ကို ရေစက်သွန်ချအမျှဝေပေးခဲ့ကြသည်။

အဆိုပါ ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇလသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲကို သထုံမြို့နယ်အတွင်းရှိ သံဃာတော် (၂၄) ပါးတို့က ဇန်နဝါရီလ (၈) ရက်နေ့ နံနက်မှစတင်ကာ (၁၃) ရက်‌နေ့အထိ (၅) ရက်ကြာ နေ့ည အသံမစဲ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)