ရန်ကုန်၊ ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် တည်ထားကိုးကွယ်မူသော ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်)၏ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါစေတီတော်ရင်ပြင်တွင် ကျင်းပခဲ့သည်။
(၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့မှ ဇန်နဝါရီ ၁၂ ရက်နေ့ထိအောင်မြင်စွာကျင်းပခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီကကျင်းပရာ ရှေးဦးစွာ ပြည်ကြီးချမ်းသာစေတီရှိသန္တိသုခဓမ္မာရုံ၌ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်နှင့်ရပ်ကွက် သာသနာ့နုဂ္ဂဟအသင်းသားများ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များမှ မြို့နယ်ဩဝါဒစရိယဆရာတော်ဘဒ္ဒန္တနေမိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းဝင်းမှ ဗုဒ္ဓပူဇနိယပွဲတော်ဆိုင်ရာများ လျှောက်ထားပြီး ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားကာ မြို့ဦးစေတီဂေါပကဥက္ကဋ္ဌမှ စေတီတော်ကြီးဘက် စုံမွမ်းမံရန်လုပ်ငန်းများ၊ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းများအား လျှောက်ထားသည်။ ထို့နောက်မြို့ဦးစေတီဂေါပကဒုတိယဉက္ကဋ္ဌမှ ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းမှုအစုစုအား ဖတ်ကြားလျှောက်ထားသည်။ မြို့ဦးစေတီ မြို့နယ်ဩဝါဒစရိယဆရာတော်ဘဒ္ဒန္တသူရိယက ရေစက်သွန်းချအမျှအတန်းပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပိတ်သိမ်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပခဲ့ရာ စေတီတော်ရင်ပြင်တစ်လျှောက်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပရိဝေဓသုံးရပ်သော သာသနာ့ဝန်ထမ်းဆောင်နေကြသည့် ဘုရားအမှူးရှိသော ပင့်သံဃာ(၁၀၉)ပါးတို့အား ကျပ် ၃၀၀၈၅၅၀၀ တန်ဖိုးရှိ ဆွမ်းဆန်စိမ်းနှင့် ဒါတဗ္ဗဝတ္တုအစုစုတို့ဖြင့် လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment