ပင်လုံ၊ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပခဲ့ပါသည်။
အစီအစဉ်အရ ပင်လုံတက္ကသိုလ် ပညာရေးအဖွဲ့ဝင်များ ခန်းမအတွင်း ကြွရောက်နေရာယူပြီးနောက် ပါမောက္ခချုပ်၏ ခွင့်ပြုချက်အရ အခမ်းအနားဖွင့်လှစ်ပြီး ပညာရေးအဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးကာ ပင်လုံတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီလာမြင့်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါသည်။
ထို့နောက် ပင်လုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မင်းလွင်နှင့် ဒေါက်တာ ခင်လေးရီတို့က အသီးသီးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ပင်လုံတက္ကသိုလ် သင်တန်းရေးရာဌာန(ဌာနမှူး) ဆရာကြီး ဦးလှိုင်ထွန်းက သင်တန်းနှင့်ပတ်သက်၍ သိမှတ်စရာများကိုလည်းကောင်း၊ အင်္ဂလိပ်စာဌာန တွဲဖက်ပါမောက္ခ(ဌာနမှူး) ဆရာမကြီး ဒေါ်တင်ချိုလတ်က ဝိဇ္ဇာဘာသာရပ်ဆိုင်ရာများကိုလည်းကောင်း၊ သင်္ချာဌာန ပါမောက္ခ (ဌာနမှူး) ဆရာမကြီး ဒေါက်တာဇင်သွဲ့ခိုင်ဖေက သိပ္ပံဘာသာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် ပညာရေးအဖွဲ့များခန်းမအတွင်းမှ ပြန်လည်ထွက်ခွာကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ပင်လုံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ ဌာနမှူးများ ပထမနှစ်သင်တန်းသို့ တက်ရောက်ကြမည့် မောက်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment