တောင်တွင်းကြီးမြို့၊ သာသနာ့ဗိမာန်တော်ကြီး၏ ဘုံငါးဆင့်၊ အမိုး နှင့် မျက်နှာကျက်ပြင်လည်ပြုပြင်မွမ်းမံပြီးစီး၍ ရေစက်ချအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့၊ သာသနာ့ဗိမာန်တော်ကြီး၏ ဘုံငါးဆင့်၊ အမိုး နှင့် မျက်နှာကျက်ပြင်လည်ပြုပြင်မွမ်းမံပြီးစီး၍ ရေစက်ချအခမ်းအနား ကျင်းပ




တောင်တွင်းကြီး၊ ဇန်နဝါရီ  ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့သာသနာ့ဗိမာန်တော်ကြီး၏ ဘုံငါးဆင့်၊ အမိုးနှင့် မျက်နှာကျက်များ ကာလရှည်ကြာလာသည်နှင့်အမျှ အဘက်ဘက်မှ ယိုယွင်းဟောင်းနွမ်းပျက်စီးစပြုလာပြီဖြစ်၍ မဟာမြိုင်သဲဖြူဆရာတော်ကြီး၏ မ,တည်ငွေနှင့်အတူ အများကောင်းမှုဖြင့် ပေါင်းစုကာ အသစ်ပြန်လည်မွမ်းမံပြီးစီးပြီဖြစ်သည့်အတွက် ယနေ့နံနက် (၉) နာရီအချိန်က သာသနာ့ဗိမာန်တော်ခန်းမ၌ ရေစက်ချအခမ်းအနား ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို နာမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး တောင်တွင်းကြီးမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်၊ သာယာအေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တစာရိတ္တ ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော်၊ ဌက်ပစ်တောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တမာနိတဆရာတော်အရှင်သူမြတ်ထံမှ သြဝါဒကထာနာယူခဲ့ကာ မြို့နယ်သာသနာရေးဦးစီးဌာန၊ သာသနာရေးဦးစီးမှူးက သာသနာ့ဗိမာန်တော်ကြီး ပြုပြင်မွမ်းမံခြင်းဆိုင်ရာများအား လျှောက်ထားတင်ပြခဲ့ပြီး သဲဖြူ မဟာမြိုင်တောရဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေးခဲ့ကာဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့  တောင်တွင်းကြီးမြို့နယ် အမှတ် (၇) စစ်အခြေခံလေ့ကျင့်ရေးတပ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။


နောင်နောင် (ဗိဿနိုးမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)