အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် အသိပညာပေးလက်စာစောင်များ ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် အသိပညာပေးလက်စာစောင်များ ဖြန့်ဝေ




ကျောက်ဆည်၊ ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) တို့ပူးပေါင်းပြီး ယနေ့နံနက် (၉) နာရီခွဲက အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) ဘက်စုံသုံးခန်းမတွင် ကျောင်းသား/ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက ကျောင်းသား/ ကျောင်းသူများ ကောင်းသောတွေးခေါ်မှု စွမ်းရည်များရရှိရေး၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရေး၊ မိမိတို့ရရှိလိုသော ပန်းတိုင်ရောက်ရှိရေး၊ အသိပညာဗဟုသုတများ ရှာဖွေဖတ်ရှုကြိုစားသွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်နှင့်စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလမင်းသန်းက ကမ္ဘာကြီးပူနွေးမှုနှင့်ရာသီဥတုပြောင်းလဲခြင်း၊ ညစ်ညမ်းမှုပြသနာများ၊ အရင်းအမြစ်များလျော့နည်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း၊ သစ်တောပြုန်းတီးမှုခြင်းနှင့်မြေယာပျက်စီးခြင်း၊ အမှိုက်စီမံခန့်ခွဲ့မှုများ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးဆိုင်ရာစိန်ခေါ်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးထိခိုက်မှုများအကြောင်း ဟောပြောခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဆရာ/ ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများအား ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ ရသ စာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေလာ့ခဲ့ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)