ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများအား ကြည့်ရှုအားပေး




ဘားအံ၊ ဇန်နဝါရီ ၇

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ထန်းတပင်ကျေးရွာ ကွင်းအမှတ် ၁၂၀၇-က၊ ထန်းတပင်ကွင်းရှိ ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်း၊ ပဲပုတ်နှင့် ပဲအမျိုးမျိုး တစ်ကွင်းတစ်ဆက်တည်း ၄၁၈ ဧက စိုက်ပျိုးဖြစ်ထွန်းနေမှု၊ ရေကြီးနစ်မြုပ်ပြီး မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့် စိုက်ဧကများတွင် ဆောင်းသီးနှံများ အစားထိုးပြန်လည်စိုက်ပျိုးဖြစ်ထွန်းနေမှု၊ ကွင်းအမှတ် ၁၂၀၇ ဝါဆူးကွင်းရှိ ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်း၊ ပဲပုတ်နှင့်ပဲအမျိုးမျိုး တစ်ကွင်းတစ်ဆက်တည်းဧက ၄၈၁ ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ရေကြီးနစ်မြုပ်ပြီး မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့် စိုက်ဧကများတွင် ဆောင်းသီးနှံများ အစားထိုးပြန်လည်စိုက်ပျိုးဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းမြေပဲ ၃၀၁၉၀ ဧကစိုက်ပျိုးရန်လျာထားပြီး ဒီဇင်ဘာလကုန်ထိ ၃၁၆၁၈ ဧကစိုက်ပျိုးပြီးစီးမှု၊ ပဲတီစိမ်း ၁၇၇၇၇ ဧကစိုက်ပျိုးရန် လျာထားပြီး ၁၈၅၄၆ ဧက စိုက်ပျိုးပြီးစီးမှု၊ ပဲပုတ် ၁၁၃၉၆ ဧက လျာထားပြီး ၁၂၆၀၀ ဧက စိုက်ပျိုးပြီးစီးမှု စသည်ဖြင့် ဆောင်းသီးနှံများ လျာထားဧကထက် ပြည့်မီကျော်လွန်စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး တောင်သူစည်းရုံးပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့ဒါန်းမယ်ရွာအဝင်လမ်းပေါ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ  ပြည်ထောင်စုဖြည့်စွက်ခွင့်ပြုရန်ပုံငွေ ၆၉ ဒဿမ ၀ သန်းဖြင့် တာဝန်ယူတည်ဆောက်လျက်မည့် အရှည် ၃၀ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၈ ပေရှိ သံကူကွန်ကရစ်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ဒါန်းမယ်ကျေးရွာ ရွာတွင်းလမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်စီတွင် အုတ်စီရေမြောင်း ပလက်ဖောင်း(အဖုံး)ပါလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော Box Culvert နှစ်စင်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)