အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း (၆)လ (ဒုတိယအကြိမ်) သင်တန်းဆင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း (၆)လ (ဒုတိယအကြိမ်) သင်တန်းဆင်း





ဘားအံ၊ ဇန်နဝါရီ ၇

ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ ၂၀၂၄ ပညာသင်နှစ် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ(၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လ (ဒုတိယအကြိမ်)သင်တန်း ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်ကြားပေးလိုက်သည့် စာတွေ့/လက်တွေ့များကို အသုံးချပြီး မိမိတို့၏လက်တွေ့နယ်ပယ်အသီးသီးတွင် ပိုမိုကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ကြိုးစားမှုတို့ဖြင့် ပေါင်းစပ်ကာ ကောင်းမွန်ဆန်းသစ်သည့် အတွေးအခေါ်များဖြင့် ရက်ကန်းရက်ထည်များ ဖန်တီးရက်လုပ်ရောင်းချနိုင်သည့် လုပ်ငန်းရှင်ကြီးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ထို့နောက် သင်တန်းကျောင်းအုပ်က သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ရက်ကန်းစင်များ၊ ရက်ကန်းဆက်စပ်ပစ္စည်းများနှင့်ကုန်ကြမ်းပစ္စည်းများ၊ သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရက်ကန်းဆက်စပ်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ၊ သင်တန်းဆင်းသင်တန်းသူများ၏ လက်ရက်ကန်းရက်လုပ်နေမှုအခြေအနေ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ ၃၂ ဒဿမ ၈၅၃ သန်းဖြင့် တည်ဆောက်သည့် သင်တန်းကျောင်း ထမင်းစားဆောင် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)